အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၄ ဒသမ ၇ သန်းကျော်ရှိလာ

နယူးဒေလီ  ဒီဇင်ဘာ  ၁၄


အိန္ဒိယနိုင်ငံ၌     လွန်ခဲ့သည့် တစ်ရက်အတွင်း      ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၇၄၈ ဦး ရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၇၀၃၆၄၄ ဦး     ရှိလာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။
ထို့ပြင်  အိန္ဒိယနိုင်ငံ၌  လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၅၂ ဦး ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့်     သေဆုံးသူ စုစုပေါင်း ၄၇၅၈၈၈ ဦး  ရှိလာ ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၈၈၉၉၃ ဦး ရှိကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ 


အိန္ဒိယနိုင်ငံ၌     လွန်ခဲ့သည့် တစ်ရက်အတွင်း     ကိုဗစ်-၁၉ ရောဂါမှ    ပြန်လည်ကျန်းမာ လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၇၉၉၅ ဦးရှိခြင်း ကြောင့်   ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာ လာသူ စုစုပေါင်း ၃၄၁၃၈၇၆၃ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက       ပြောကြား သည်။


 ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်