
နေပြည်တော် ဩဂုတ် ၂၅
မြန်မာနိုင်ငံ၌ တရားဝင်ခရီးရောက်ရှိနေသော ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု ဦးဆောင်သော အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် လေကြောင်းခရီး ဖြင့် နေပြည်တော်မှ ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွား သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမ နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်