
နေပြည်တော် ဒီဇင်ဘာ ၁၅
အမျိုးသမီးနှင့် ကလေးငယ်ကို တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁ဝ) နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လိုင်ဇာမြို့ ဝေကြိုင် ကျေးရွာနေ မဆိုင်းမိုင်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မ. . . (၃၄ နှစ်) ကို မူဆယ်မြို့တွင် အလုပ်လုပ်ကိုင်ပါက ငွေကျပ်သိန်း ၃၀ ရမည်ဖြစ်ကြောင်းနှင့် ၎င်း၏သမီးဖြစ်သူ မ. . . (၄ နှစ်) အား မွေးစားရန် ပေးပါက ငွေကျပ်သိန်း ၅၀ ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ် အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့သဖြင့် လှိုင်သာယာ မြို့မ ရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် တရားခံ မဆိုင်းမိုင်ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပေဒအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်