ဖလမ်းမြို့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်း ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းစဉ် ယာဉ်ကိုပစ်ခတ်တားဆီးကာ ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်

 

နေပြည်တော်  ဒီဇင်ဘာ   ၁၅


ချင်းပြည်နယ်  ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာ ရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသရန်  လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ်  အဆိုပါအကြမ်းဖက်အဖွဲ့က လူနာတင်ယာဉ်အား   ပစ်ခတ် တားဆီးကာ   ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 


ဒီဇင်ဘာ  ၁၄   ရက်  မွန်းလွဲ ၂  နာရီတွင် ချင်းပြည်နယ် ဖလမ်း မြို့နယ် ကျင်မွှာရပ်ကွက်၌  အမျိုး သား တစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံရကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က  သွားရောက်စစ်ဆေးခဲ့ရာ   ကျင်မွှာရပ်ကွက်၊       ကလေး-ဖလမ်းကားလမ်းဘေးရှိ “ထီးရိပ် ဆိုင်ခွဲ(၂)”  လက်ဖက်ရည်ဆိုင်၌ ဖလမ်းမြို့ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်း (၅၇)နှစ် (ဘ)ဦးမြသောင်းသည် ၎င်း၏ မိတ်ဆွေ        တစ်ဦးနှင့်အတူ လက်ဖက်ရည်သောက်နေစဉ် CDF အကြမ်းဖက်လက်နက်ကိုင် နှစ်ဦး သည်    ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်      ရောက်ရှိလာပြီး ဦးသန်းဝင်းကို     သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ ဦးသန်းဝင်း ပိုင် 2F/6226 SURF မော်တော် ယာဉ်အား ယူဆောင်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း တွေ့ရှိရ သည်။

 


ထိုသို့   CDF   အကြမ်းဖက် လက်နက်ကိုင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန်းဝင်းတွင် ဆီးခုံအထက်   ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်၊ ဝဲလက်ပြင် အောက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့်      ဝဲလက်မောင်း ကျည်ဖောက်ဝင်       ဒဏ်ရာ တစ်ချက်   စုစုပေါင်း  သေနတ် ဒဏ်ရာ   သုံးချက်  ရရှိခဲ့သဖြင့် ဆေးဝါးကုသမှု     ခံယူနိုင်ရေး ဖလမ်းမြို့      ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 


ယနေ့နံနက်   ၁  နာရီခွဲတွင် ဒဏ်ရာရရှိသူ   ဦးသန်းဝင်းကို ဖလမ်းမြို့     ပြည်သူ့ဆေးရုံမှ ကလေးမြို့    ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမှု   ခံယူနိုင်ရေး ဦးငယ်ပီး မောင်းနှင်ပြီး  ဦးဒုဆန်း လိုက်ပါလာသော  “ဖလမ်းလူငယ် အသင်း”ပိုင်    လူနာတင်ယာဉ် 5M/7803  ဖြင့်    သယ်ဆောင် မောင်းနှင်လာစဉ် ဖလမ်းမြို့နယ် ခေါလယ်လမ်းခွဲသို့ အရောက်၌ CDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ (အင်အားစိစစ်ဆဲ)က လူနာ တင်ယာဉ်အား လက်နက်ငယ်များ ဖြင့်    ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်အား ရပ်တန့်ကာ ဦးငယ်ပီး နှင့်   ဦးဒုဆန်းတို့မှာ   အသက် အန္တရာယ်မှ လွတ်မြောက်နိုင်ရေး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူနာ တင်ယာဉ်ပေါ်တွင်   ကျန်ရှိခဲ့သူ ဦးသန်းဝင်းကို CDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က    ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း   သိရ သည်။

 


CDF အကြမ်းဖက်လက်နက် ကိုင်အဖွဲ့၏  လူနာတင်ယာဉ်အား ပစ်ခတ်မှုဖြစ်စဉ်အတွင်း  ယာဉ် မောင်းဖြစ်သူ    ဦးငယ်ပီးတွင် ယာလက်မောင်း၊   ယာလက်ပြင် နှင့်   ယာချိုင်းအောက်တို့တွင် လက်နက်ငယ်     ထိမှန်ဒဏ်ရာ သုံးချက်ရရှိခဲ့သဖြင့်   လမ်ဘန်း တိုက်နယ်ဆေးရုံတွင်    တက် ရောက်ဆေးကုသမှု   ခံယူနေစဉ် CDF အကြမ်းဖက်လက်နက်ကိုင် သုံးဦးရောက်ရှိလာပြီး ဦးငယ်ပီး နှင့် ဦးဒုဆန်းတို့၏ လက်ကိုင်ဖုန်း များအား    သိမ်းဆည်းသွား ခဲ့ကြောင်း သိရသည်။

 


အထက်ပါ   ဖြစ်စဉ်များတွင်  အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ သူ၊ လူနာတင်ယာဉ်အား ဝိုင်းဝန်း အကြမ်းဖက်ပစ်ခတ်ခဲ့သူ   CDF အကြမ်းဖက်လက်နက်ကိုင်များကို      နယ်မြေခံတပ်မတော် စစ်ကြောင်း များနှင့် ပူးပေါင်းကာ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။      

ရဲပြန်ကြား