
ဖနောင်ပင် ဒီဇင်ဘာ ၁၅
ကမ္ဘောဒီးယားနိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်သူတစ်ဦး ပထမဆုံး စမ်းသပ်တွေ့ရှိခဲ့သည်။ ၎င်းသည် အာဖရိက အနောက်ပိုင်း ဂါနာမှ ခရီးသွားတစ်ဦးဖြစ် ကြောင်း ကမ္ဘောဒီးယားကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက် ည ထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။
အသက် ၂၃ နှစ်ရှိ ကမ္ဘောဒီးယား အမျိုးသမီးတစ်ဦးသည် အိုမီခရွန်ဗိုင်းရပ်စ် သစ်ကူးစက်ခံထားရကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် ပက်စတာအင်စတီကျု့က အတည်ပြုဖော်ပြခဲ့သည်။
ကိုယ်ဝန် ၁၅ ပတ်ရှိ အဆိုပါ ကမ္ဘောဒီးယားအမျိုးသမီးသည် ဂါနာ နိုင်ငံမှ တနင်္ဂနွေနေ့က ပြန်လည်ရောက်ရှိ ခဲ့သည်။
ဖနောင်ပင်လေဆိပ်သို့ ရောက်ရှိ လာသော အဆိုပါ အမျိုးသမီးကို ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးခဲ့ရာ အိုမီခရွန် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းအမျိုးသမီးကို ယခုအခါ ဖနောင်ပင်ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာတွင် ဆေးကုသမှု ခံယူစေလျက် ရှိသည်။
တောင်အာဖရိကသည် နိုဝင်ဘာ ၂၄ ရက်က အိုမီခရွန်ဗိုင်းရပ်စ်သစ်ပထမဆုံး တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသို့ ပထမဆုံး သတင်းပေးပို့ ဖော်ပြခဲ့သည်။
ဆင်ဟွာ