ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

 

 

နေပြည်တော် သြဂုတ် ၂၆

 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာတင်မ်အန်ဒါလင် ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

 

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စံသတ်မှတ်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအတွက် ကျင့်ဝတ် (Code of Conduct) ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု၊ ကျင့်ဝတ်စာအုပ်များ ပုံနှိပ်ဖြန့်ဝေရေးအတွက် ဆွစ်ဇာလန် သံရုံး က အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများက ကျင့်ဝတ် အကောင်အထည်ဖော်မှုအပေါ် စောင့်ကြည့်လေ့လာမည့်ကော်မတီ ဖွဲ့စည်း ဆောင်ရွက်မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆွစ်ဇာလန်သံရုံးမှ လေ့လာသွားမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

 

 

သတင်းစဉ်