လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာ့နိုင်ငံ ၇၇ နိုင်ငံ၌ တွေ့ရှိ

ဂျီနီဗာ  ဒီဇင်ဘာ  ၁၅


အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်အား  လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံ ၇၇ နိုင်ငံ၌ တွေ့ရှိရ ကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြီးအကဲ ဂါဘရီယီဆက်က သတင်းစာ ရှင်းလင်းပွဲ၌ ယမန်နေ့တွင် ပြောကြား သည်။ 


ယခုလက်ရှိ     အဆိုပါဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအခြေအနေအရ ကမ္ဘာ့နိုင်ငံများမှ             နိုင်ငံသားများနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများသည် အိုမီခရွန်ဗီဇပြောင်း       ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုများအား  အလေးထားကာကွယ်ခြင်း မပြုဘဲ   ကျန်းမာရေးစောင့်ရှောက်မှုစနစ် အား ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုပြုပါက   အဆိုပါဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း        ၎င်းက ပြောကြားသည်။ လက်ရှိအချိန်တွင် ကမ္ဘာ တစ်ဝန်းအိုမီခရွန်ဗီဇပြောင်း     ဗိုင်းရပ်စ် ကူးစက်မှုများ  တွေ့ရှိလာရသောကြောင့် ကမ္ဘာ့နိုင်ငံများတွင်      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  အပိုဆောင်းထိုးနှံခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လာ ကြကြောင်း      ၎င်းကပြောကြားသည်။ ထို့ပြင်  ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ    ဖြန့်ဖြူးပေးရာတွင် နိုင်ငံများအကြား သာတူညီမျှမှုရှိစေရန်နှင့် ထိုအချက်ကို    ဆောင်ရွက်ခြင်းမရှိပါက ကမ္ဘာပေါ်၌      ကိုဗစ်-၁၉   ကပ်ရောဂါ ဖြစ်ပွားမှု အချိန်ကြာမြင့်သွားနိုင်ကြောင်း ၎င်းက ပြောကြားသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ