
ဟနွိုင်း ဒီဇင်ဘာ ၁၅
ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၅၂၇ ဦး ထပ်မံတွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၅၅၂၂ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ငါးဦးသည် ပြည်ပ မှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံ ရခြင်းဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
ကူးစက်ခံရမှုအများစု
ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက် ခံရမှုအများစုမှာ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှဖြစ် ကြောင်းနှင့် ဟိုချီမင်းစီးတီး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၇၀၊ ကာမောပြည်နယ်၌ ၁၀၇၂ ဦး နှင့် ဘင်ထရီပြည်နယ်၌ ၁၀၃၅ ဦးရှိကြောင်း သိရ သည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၄၅၉၁၇၅ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၈၆၁၆ ဦးရှိကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရ ရှိသူ ၂၉၉၂ ဦးရှိခြင်းကြောင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၀၆၃၄၂၈ ဦးရှိလာ ကြောင်း သိရသည်။
အသုံးပြုပြီးဖြစ်
ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်အောက်တွင် ကာကွယ်ဆေးအလုံးရေ ၁၃၅ သန်းနီးပါး အသုံးပြုပြီး ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်