တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကာဂျစ်စတန်နိုင်ငံ ထပ်မံလက်ခံရရှိ

ဘစ်ရှ်ကက်  ဒီဇင်ဘာ  ၁၅


ကာဂျစ်စတန်နိုင်ငံသည် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒီဇင်ဘာ ၁၄ ရက်တွင်  ထပ်မံလက်ခံရရှိခဲ့ကြောင်း  ကာဂျစ် စတန်နိုင်ငံ၏မြို့တော် ဘစ်ရှ်ကက်ရှိ တရုတ်သံရုံးက ယနေ့တွင် ပြောကြားသည်။


လွှဲပြောင်းပေး
အဆိုပါ တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လွှဲပြောင်းပေး အပ်မှု အခမ်းအနားကို မာနက်စ်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌  ကျင်းပခဲ့ပြီး  အဆိုပါအခမ်းအနားသို့ ကာဂျစ်စတန် နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဒူဒီဝန် နှင့် ကာဂျစ်စတန်ဝန်ကြီးများအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ အီဒဲလ်ဘိုင်ဆာလော့ဗ်တို့   တက်ရောက်ခဲ့ကြောင်း သိရသည်။


ကာဂျစ်စတန်နိုင်ငံသည် တရုတ်နိုင်ငံမှ လှူဒါန်း သည့် Sinopharm  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များ  ရောက်ရှိလာခဲ့ပြီးနောက်  မတ် ၂၉ ရက်တွင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ မှု အစီအစဉ်ကို စတင်ခဲ့ကြောင်း သိရသည်။


လက်ရှိတွင်  ကာဂျစ်စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ စုစုပေါင်း ၁၁၆၅၂၀၄ ဦးရှိကြောင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူစုစုပေါင်း ၉၄၇၃၉၉ ဦးရှိကြောင်း ကာဂျစ်စတန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။ 


ကိုးကား -ဆင်ဟွာ 
ဘာသာပြန် - အလင်းသစ်