ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၃၆၃ ဦးထပ်မံတွေ့ရှိ

မော်စကို  ဒီဇင်ဘာ  ၁၅


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၃၆၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉   ရောဂါ     ကူးစက်ခံရသူ စုစုပေါင်း ၁၀၁၀၃၁၆၀ ရှိလာကြောင်း ရုရှားနိုင်ငံ၏   ကိုဗစ်-၁၉  ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ  သိရသည်။


ရုရှားနိုင်ငံတစ်ဝန်း၌  လွန်ခဲ့သည့် တစ်ရက်အတွင်း       ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၁၄၂ ဦးထပ်မံတွေ့ရှိ ခဲ့သဖြင့်  ကိုဗစ်-၁၉  ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၉၂၈၉၁ ဦးရှိလာ ကြောင်း သိရသည်။


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့်   ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၅၆၃၃ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း   ၈၈၃၉၆၃၃ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉  ရောဂါပိုး တွေ့ရှိဆဲလူနာ  စုစုပေါင်း ၉၇၀၆၃၆ ဦး ရှိကြောင်း သိရသည်။


မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၅၉ ဦး ရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၉၉၁၇၀၇ ဦးရှိလာကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ 
ဘာသာပြန် - အလင်းသစ်