ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူသူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်  ဒီဇင်ဘာ  ၁၆


အမျိုးသမီးနှစ်ဦးကို ပြည့်တန်ဆာအဖြစ်   အဓမ္မ ခိုင်းစေကာ  အကျိုးအမြတ်ရယူသူများကို လူကုန် ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၁၉) ရပ်ကွက်နေ   မသန်းသန်းခိုင်နှင့်   မနွေးနွေးတို့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်နေ မ xxx (၃၁ နှစ်)နှင့် လိပ်စာတူ  မ xxx (၃၁ နှစ်)တို့ကို မြိတ်မြို့ရှိ KTV၊ အနှိပ်ခန်းတွင် အလုပ်ရမည်ဟု စည်းရုံးပြောဆို၍ ပြည့်တန်ဆာ အဖြစ် အဓမ္မခိုင်းစေကာ    အကျိုးအမြတ်ရယူခဲ့ သဖြင့် ရွှေပြည်သာမြို့မရဲစခန်း(ပ)၂၃၆၄/၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် တရားခံ သန်းသန်းခိုင်နှင့် နွေးနွေးတို့ကို    လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄  အရ အလုပ် နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရ သည်။                                          

 

သတင်းစဉ်