
နေပြည်တော် ဒီဇင်ဘာ ၁၆
အမျိုးသမီးနှစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူသူများ ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် အမှတ်(၁၉)ရပ်ကွက်နေ မသန်းသန်းခိုင်နှင့် မနွေးနွေးတို့က ရွှေပြည်သာမြို့နယ်နေ မ xxx ၃၁ နှစ်နှင့် လိပ်စာတူ မ xxx ၃၁ နှစ်တို့ကို မြိတ်မြို့ရှိ KTV အနှိပ်ခန်းတွင် အလုပ်ရမည်ဟု စည်းရုံးပြောဆို၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်ရယူခဲ့သဖြင့် ရွှေပြည်သာ မြို့မရဲစခန်း(ပ)၂၃၆၄/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ခဲ့ပြီး
မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် တရားခံ သန်းသန်းခိုင်နှင့် နွေးနွေးတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်