
နေပြည်တော် ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်များ၏ ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦးတို့ သေဆုံး ခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ကြောက်ရွံ့၍ ထွက်ပြေး
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၂ နာရီ မိနစ် ၂၀ တွင် တန့်ဆည်မြို့နယ် ဒေါင့်ကြီး ကျေးရွာအတွင်းသို့ PDF အကြမ်း ဖက် လက်နက်ကိုင်အဖွဲ့အင်အား (စိစစ်ဆဲ)တို့က လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ ဝင်ရောက် လာသဖြင့် အေးချမ်းစွာနေထိုင် လျက်ရှိသော ကျေးရွာနေပြည်သူ အများစုသည် အကြမ်းဖက်သမား များ၏ အကြမ်းဖက်သတ်ဖြတ်မှု များကို ကြောက်ရွံ့၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
ထိုသို့ ထွက်ပြေးတိမ်းရှောင် ကြရာ အသက်အရွယ်ကြီးရင့်၍ သွားလာလှုပ်ရှားရန် မလွယ်ကူ သည့် အဆိုပါကျေးရွာနေ ဦးကျော် စိုး (၆၇)နှစ် (ဘ) ဦးဖိုးသိုးနှင့် ၎င်း၏ မိသားစုဝင်များဖြစ်ကြ သော ဒေါ်ခင်လှိုင် (၆၅) နှစ် (ဘ)ဦးဂျမ်း၊ ဒေါ်လှိုင်စိုး(၄၅)နှစ် (ဘ)ဦးကျော်စိုးနှင့် ဒေါ်ဂျမ်းတော(၈၅)နှစ် (ဘ) ဦးကျောက်ခဲ၊ ဒေါ်ခင်ဆွေ မြင့်(၇၄)နှစ် (ဘ) ဦးကျောက်ခဲ တို့သည် ၎င်းတို့၏ နေအိမ်များ၌ ပုန်းအောင်းလျက်ရှိစဉ် အကြမ်း ဖက်သမားများက နေအိမ်များ အတွင်း ဝင်ရောက်ကာ “သတင်း ပေး၊ ဒလန်”ဟု စွပ်စွဲပြောဆို၍ ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
သေနတ်ထိမှန် သေဆုံး
အကြမ်းဖက် သမားများ၏ ထိုကဲ့သို့ ရက်စက်စွာပစ်ခတ် သတ်ဖြတ်ခဲ့မှုတို့ကြောင့် ဦးကျော် စိုးနှင့် မိသားစုဝင်များဖြစ်ကြ သော ဒေါ်ခင်လှိုင်၊ ဒေါ်လှိုင်စိုးတို့ သုံးဦးမှာ နေအိမ်အတွင်း မီးလောင် သေဆုံးခဲ့ပြီး ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့ နှစ်ဦးမှာ ခန္ဓာကိုယ်အနှံ့ သေနတ်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် အပြင် ဦးကျော်စိုး ပိုင်ဆိုင်သည့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် တစ်လုံး (တန်ဖိုးစိစစ်ဆဲ)တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
ရက်စက်စွာသတ်ဖြတ်
ထိုကဲ့သို့ ကျေးရွာနေပြည်သူ များ အကြောက်တရားလွှမ်းမိုး စေရန်၊ ၎င်းတို့၏ အကြမ်းဖက်မှု လုပ်ရပ်များအပေါ် ပူးပေါင်းပါဝင် လာစေရန်နှင့် ပူးပေါင်းပါဝင်မှု မရှိဘဲ အေးချမ်းစွာနေထိုင်လျက် ရှိသော ကျေးရွာနေပြည်သူများ အား အကြောင်းအမျိုးမျိုးပြ၍ ရက်စက်စွာသတ်ဖြတ်၊ မီးရှို့ခြင်း များ ကျူးလွန်သည့်အပြင် ယခုကဲ့သို့ အသက်အရွယ်ကြီးရင့် ၍ သွားလာ၍ခက်ခဲသော လူကြီး မိဘများအား ရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများကို ဖော် ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်