
နေပြည်တော် ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၄) ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးကို ဇူလိုင် ၂၈ ရက်တွင် ထက်ပိုင်စိုး(ခ)ဖိုးထက် (ဘ)ဦးစိုးသန့် အပါအဝင် အမျိုးသားငါးဦးတို့သည် သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံပစ်ခတ်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/ ၅၄ အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းတို့ငါးဦးအား “သေဒဏ် ” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်၊ အမှတ်(၁၃)ရပ်ကွက်၊ မိတ္ထီလာ လမ်းနေ အောင်ပိုင် (ခ) ဖိုးကဲ (ဘ) ဦးအောင်ကျော်ဆန်းသည် ဖေဖော်ဝါရီလ မှ နိုဝင်ဘာလအတွင်း ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင် တက်ကြွစွာပါဝင် လှုပ်ရှားခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(က)အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းအား “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ်အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများ အနက်မှ ထွက်ပြေးလွတ်မြောက်နေသူ များအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိ ရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်