အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့စည်းဝေး


 

ရန်ကုန် သြဂုတ် ၂၇


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အဖွဲ့ဝင်အဖြစ် ပါဝင် သည့် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် ( Southeast Asia National Human Rights Institutions Forum-SEANF)၏ ဒုတိယအကြိမ် လုပ်ငန်း အဖွဲ့အစည်းအဝေးကို Video Con-ferencing စနစ်ဖြင့် ဩဂုတ် ၂၅ ရက် မှ ၂၇ ရက်အထိ သုံးရက်ကြာ ကျင်းပ ခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းနှင့် ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ် လွင်စိန်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ တင်မောင်မောင်သန်းတို့ ပါဝင် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး ပထမနေ့တွင် ၂၀၂၀ ပြည့်နှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်လျက် ရှိသော အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သဘာ ပတိအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးတွင် မလေးရှား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် တီမောလက်စ်တေနိုင်ငံတို့မှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်း ကိုယ်စားလှယ်များ၊ အင်ဒို နီးရှားနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင် များနှင့် ရုံးဝန်ထမ်းများ တက်ရောက် ကြသည်။
အစည်းအဝေး ပထမနေ့တွင် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့် နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မေ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပ ခဲ့သော ပထမအကြိမ် လုပ်ငန်း အဖွဲ့ အစည်းအဝေး အစီရင်ခံစာနှင့် စပ်လျဉ်း၍ တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့များက ဝိုင်းဝန်း ဆွေးနွေးအတည်ပြုခြင်း၊ ထို့နောက် ဖိုရမ်အဖွဲ့ဝင်နိုင်ငံများက ဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့ အစည်း အဝေးနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက် ဆောင်ရွက်နိုင်မှုများကို ကိုယ်စားလှယ်အဖွဲ့များက တင်ပြ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
လုပ်ငန်းအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကို ဩဂုတ် ၂၆ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့ အစည်းများဖိုရမ် (SEANF) ၏ social media အသုံးပြုမှု လမ်းညွှန်ချက် များ ချမှတ်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ SEANF ၏ ညှဉ်းပန်း နှိပ်စက်မှုတိုက်ဖျက်ရေး လမ်းညွှန် ချက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များ၊ အရှေ့တောင်အာရှဒေသအတွင်း ရွှေ့ပြောင်းလုပ်သားများနှင့် စပ်လျဉ်း သော ဖိုရမ်၏စာတမ်းနှင့် စပ်လျဉ်း သည့် ကိစ္စရပ်များနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအား အကာအကွယ်ပေးရေးနှင့် စပ်လျဉ်း သည့် ကိစ္စရပ်များကို တင်ပြဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြသည်။
လုပ်ငန်းအဖွဲ့ အစည်းအဝေး တတိယနေ့ကို ဩဂုတ် ၂၇ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF)၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Per-manent Secretariat)တည်ထောင် ရေးကိစ္စ၊ SEANF Website တည်ထောင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများ တင်ပြဆွေးနွေးခြင်း၊ အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်(SEANF) နှစ်ပတ်လည်အစည်းအဝေး (၂၀၂၀) ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ကြိုတင် ညှိနှိုင်းဆွေးနွေးခြင်း၊ အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်(SEANF)နှင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်းဆိုင်ရာ ကော်မရှင် (AICHR) အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အစည်း အဝေးတွင် ဘာသာရပ်များအပေါ် မူတည်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့် နှင့် ကော်မရှင်အဖွဲ့ဝင်များ ပါဝင် ဆွေးနွေးကြပြီး သဘာပတိအဖွဲ့က နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရ သည်။ သတင်းစဉ်