
နေပြည်တော် ဒီဇင်ဘာ ၁၇
NUG ၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရား ဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို အချို့နေရာများတွင် လုပ်ဆောင် လျက်ရှိသည့်အပြင် ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို ဆုံးရှုံးစေရန်အတွက် ပညာသင်ကြားရေး အတွက် အခြေခံအဆောက်အအုံများဖြစ်သည့် စာသင်ကျောင်းများကို လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာ ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်ဖောက်ခွဲ ရေးလုပ်ရပ်များ ပြုလုပ်ခဲ့ရာတွင် ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီ ခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် နတ်ရေကန် ကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်းရှေ့ ခြံစည်းရိုးအုတ် တံတိုင်းအနီး၌ အကြမ်းဖက်သူ များက လက်လုပ်မိုင်း တစ်လုံး ဖောက်ခွဲခဲ့ရာ ခြံစည်းရိုး အုတ် တံတိုင်း ပျက်စီးခဲ့ကြောင်း သိရှိရ သည်။
အလားတူ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်တိုင်းဒေသ ကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် (၁၄)ရပ်ကွက် ရှိ အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်းအနီး ပေါက်ကွဲမှု ဖြစ်ပွားကြောင်းသတင်းအရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ကျောင်းအနီးရှိ ရေမြောင်းအုတ်ခုံအောက်၌ ပေါက် ကွဲထားသည့် PVC ပိုက်နှင့် ဓာတ်ခဲ အပိုင်းအစများ တွေ့ရှိရပြီး မပေါက်ကွဲသေးသည့် လက်လုပ် မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိရ သဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်း ခဲ့သည်။
ထို့အတူ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက် အောက်ကြည့်မြင် တိုင်လမ်းနှင့် တန်ဆောင်းကြီး လမ်းထောင့်ရှိ အမှတ်(၆) အခြေခံ ပညာမူလတန်းကျောင်း၌ ပေါက် ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ ကျောင်း ခြံစည်းရိုးအနီး၌ ပေါက်ကွဲထား သည့် PVC ပိုက်၊ ဆားကစ်ပြားနှင့် ဓာတ်ခဲအပိုင်းအစများအား တွေ့ရှိ ရပြီး ပေါက်ကွဲမှုကြောင့် ၎င်းနေရာ အနီး ရပ်တန့်ထားသည့် မော်တော် ယာဉ်နှစ်စီး၏ လေကာမှန်များ ကွဲအက် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီခွဲတွင် လှိုင်မြို့နယ် (၁၂)ရပ်ကွက်ရှိ လှိုင် တက္ကသိုလ် ခြံစည်းရိုးအုတ်တံတိုင်း ဝင်ပေါက်အနီး၌ မသင်္ကာဖွယ် အထုပ်တစ်ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ အဆိုပါအထုပ်အတွင်းမှ ဓာတ်ခဲ နှစ်လုံး၊ Wifi လွှင့်စက် တစ်ခု၊ ခလုတ် တစ်ခုတို့ဖြင့် ချိတ်ဆက် ထားသည့် PVC ပိုက်ဖြင့် ပြုလုပ် ထားသည့် လက်လုပ်မိုင်းတစ်လုံး အား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်