ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၏ (၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဩဂုတ် ၂၇


ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရား လွှတ်တော်များ၏ (၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အတတ်နိုင်ဆုံးဖြေလျှော့
အစည်းအဝေးတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တရားစီရင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်၊ တရားရုံး များသည် အများပြည်သူ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတမှု လက်လှမ်းမီ ရေးနှင့် ဥပဒေဆိုင်ရာကုစားမှုများ ကြန့်ကြာမှုမရှိစေရေးအတွက် တရား စီရင်ရေးလုပ်ငန်းများကို ရပ်ဆိုင်းခြင်း မပြုဘဲ ဆောင်ရွက်ရာတွင် အမှုသည် များ၊ ရှေ့နေများအပါအဝင် တရားရုံး အသုံးပြုသူများ၏ အခက်အခဲများကို အတတ်နိုင်ဆုံးဖြေလျှော့နိုင်ရန်နှင့် တရားရုံးလာရောက်သူများနှင့် တာဝန် ထမ်းဆောင်သည့် တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများကို ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် မှုခင်းဆောင်ရွက်မှု နည်းလမ်းများကို ဥပဒေနှင့်အညီ သတ်မှတ်ဆောင်ရွက် ရန်၊ ရောဂါပြန့်ပွားမှု အခြေအနေသည် ဒေသတစ်ခုနှင့်တစ်ခု ကန့်သတ်မှုတို့ ကွဲပြားနိုင်သည့်အတွက် မိမိတို့အခြေ အနေနှင့် ကိုက်ညီအောင်ဆောင်ရွက် ရန်၊ တရားရုံးများ၏ မှုခင်းသတင်း အချက်အလက်များ၊ ကြေညာချက် များကို သတ်မှတ်ချက်များနှင့်အညီ လူမှုကွန်ရက်များအသုံးပြု၍ အများ ပြည်သူသိရှိအောင် ဆက်လက် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်
ဆက်လက်၍ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အတွက် တရားမ ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ရေးဆွဲပြီး ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် နေမှု၊ လူမွဲခံယူခြင်းဆိုင်ရာ အမှု များအား စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့် များအပ်နှင်းခြင်း၊ လူမွဲခံယူခြင်းဆိုင်ရာ နည်းဥပဒေများ ထုတ်ပြန်ခြင်းနှင့် နိုင်ငံခြားတရားရုံးများ၏ စီရင်ချက် များ အသိအမှတ်ပြုခြင်း၊ အတည်ပြု ခြင်းအတွက် လျှောက်ထားလာမှုများ၊ အမှုတွဲမိတ္တူကူးခြင်း၊ သက်သေခံ ပစ္စည်းစီမံခန့်ခွဲခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ရန် မှာကြား သည်။
ကြိုတင်ပြင်ဆင်
ယခုအစည်းအဝေးသည် ပုံမှန် ပြုလုပ်နေကျ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကာလတွင် တရားစီရင်ရေး၏ လက်ရှိ တုံ့ပြန်ဆောင်ရွက်မှုနှင့် ကြိုတင် ပြင်ဆင်ရန်လုပ်ငန်းများကို ဆွေးနွေး နိုင်ရန် ကျင်းပခြင်းဖြစ်သည်။
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်
အစည်းအဝေးသို့ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် တရားရေး ဦးစီးမှူးများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရား ရေးဦးစီးမှူးတို့က အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင် တက်ရောက်ကြပြီး အစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်