သန်လျင်မြို့နယ် လဟာရက်ကျေးရွာ၌ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် တရားခံများကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်   ဒီဇင်ဘာ  ၁၈  


နိုင်ငံတော်အစိုးရ      အနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူ လူထုအထိတ်တလန့် ဖြစ်စေရန် အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို  လုပ်ကြံ သတ်ဖြတ်ခြင်းစသည့် အကြမ်း ဖက်လုပ်ရပ်များအား ဆောင်ရွက် နိုင်မှု   မရှိစေရေး    ဖော်ထုတ် ဖမ်းဆီးခြင်းများကို       နေ့/ည   မပြတ်      ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာ     နေထိုင်လိုသည့်  တာဝန်သိပြည်သူများ၏ သတင်း ပေးချက်အရ  ဒီဇင်ဘာ  ၁၇  ရက် တွင် သန်လျင်မြို့နယ် လဟာရက် ကျေးရွာအပြင်ဘက်ရှိ  လယ်တဲ အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာ သန့်ဇော်အောင် (ခ)စိုးလေး(၂၉)နှစ်၊ ရဲမင်းဖြိုး(ခ)ကိုဖြိုး(၂၇)နှစ်၊ ဖြိုးမောင်မောင် (ခ)ဖြိုးကြီး(၃၂)နှစ်(သေဆုံး)နှင့် ၎င်း၏ရည်းစား ဖြစ်သူ   စန္ဒာ(၁၇)နှစ်တို့  လေးဦး ကို     M-16  တစ်လက်၊    M-22 တစ်လက်၊      ပစ္စတို    တစ်လက်၊ M-16   ကျည်အိမ်နှစ်ခု၊   M-22 ကျည်အိမ်တစ်ခု၊   SIG  SAUER ပစ္စတိုကျည်အိမ်  နှစ်ခု၊    ၇.၆၂ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် အတောင့်   ၅၀၊    ၉ မမကျည် အတောင့် ၂၀ တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

 


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက် ဖောက်ခွဲရေး      လုပ်ငန်းများတွင် အသုံးပြုသည့် ဖောက်ခွဲရေးပစ္စည်း များ     သိုဝှက်သိမ်းဆည်းပေး ထားသော     သန်လျင်မြို့နယ် လဟာရက်ကျေးရွာနေ  ဆက်စပ် တရားခံ    တင်ထွန်းခိုင်(၄၁)နှစ် ကို   ပိုတက်ဆီယမ်ကာဗွန်နိတ် ၁၃ ထုပ်၊ ဆီလီကွန်ပုံစံခွက် ၁၀ခု၊ Sulphuric   Acid        တစ်ဘူး၊ သံဘောစေ့ သုံးဘူး၊ သံဖောက်စက် တစ်ခု၊ ဆီလီကွန်မှုန့် ၁၀ ပိဿာ ခန့်၊ အက်ဆစ်အရည်ပုံး တစ်ပုံး နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

 


ဖြစ်စဉ်တွင်      ဖမ်းဆီးရမိ တရားခံ     အမျိုးသား    လေးဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ငါးဦး တို့ကို  M-16 တစ်လက်၊  M-22 တစ်လက်၊    ပစ္စတို  တစ်လက်၊ ကျည်အိမ်မျိုးစုံ ငါးခု၊ ကျည်မျိုးစုံ ၉၅ တောင့်၊ ဖောက်ခွဲရေးပစ္စည်း များတွင်   အသုံးပြုသည့် ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ သန့်ဇော်အောင် (ခ) စိုးလေး နှင့် ဖြိုးမောင်မောင်(ခ)ဖြိုးကြီးသည် ဇူလိုင်လတွင် KNLA တပ်မဟာ(၆)နယ်မြေ လေးကေ့ ကော်မှ  ရင်းမှူးအဆင့်ရှိ  ရန်နိုင် ဖွင့်လှစ်သော       အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းကို   လည်း ကောင်း၊ ရဲမင်းဖြိုး(ခ)ကိုဖြိုးသည် ဩဂုတ်လတွင် ကယားပြည်နယ် ရှမ်းစုကျေးရွာအနီး၌  အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းကိုလည်း ကောင်း တက်ရောက်ထားသူများဖြစ်ကြောင်းနှင့်   သိမ်းဆည်းရမိ လက်နက်ခဲယမ်းများမှာ ဖြိုးမောင် မောင်(ခ)ဖြိုးကြီးက အကြမ်းဖက် လုပ်ငန်းများတွင်      အသုံးပြုရန် KNLA   တပ်မဟာ (၆) နယ်မြေမှ ချိတ်ဆက် မှာယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ အပြစ်မဲ့ပြည်သူ များအား    လုပ်ကြံသတ်ဖြတ်မှု အနေဖြင့်    လေးကြိမ်၊    ဖောက်ခွဲ ဖျက်ဆီးမှုအနေဖြင့်      နှစ်ကြိမ် ကျူးလွန်ခဲ့ကြောင်း     ဖော်ထုတ် သိရှိရပြီး  ကျူးလွန်ခဲ့မှုများအနေ ဖြင့်  စက်တင်ဘာ   ၂၉  ရက်တွင် တရားခံ     ဖြိုးမောင်မောင် (ခ)ဖြိုးကြီးသည်    သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာရှိ      အပြစ်မဲ့ ပြည်သူတစ်ဦးကို   လက်နက်ငယ် ဖြင့် လည်းကောင်း။

 


နိုဝင်ဘာ ၁ ရက်တွင် တရားခံ ဖြိုးမောင်မောင်   (ခ)  ဖြိုးကြီး သည်  ဖမ်းဆီးရန်ကျန်  တရားခံ ဖိုးကုလား၊ အာနိုး၊ နှုတ်ခမ်းမွှေး တို့နှင့်အတူ     သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်နေအပြစ်မဲ့ ပြည်သူများကို လက်နက်ငယ်ဖြင့်   ပစ်ခတ်ခဲ့ရာ    အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး    စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း။

 


နိုဝင်ဘာ ၁၈ ရက်နှင့် ၃၀ ရက် တို့တွင် တရားခံ ဖြိုးမောင်မောင် (ခ)ဖြိုးကြီးသည်     ဖမ်းဆီးရန် ကျန်တရားခံ မျိုးမင်းဦး၊ ရဲဇော်နိုင်၊ ကောင်လေးတို့နှင့်အတူ သန်လျင် မြို့နယ်    မြို့ဟောင်းအနောက် ရပ်ကွက်နေ        အပြစ်မဲ့ပြည်သူ  နှစ်ဦးကို       လက်နက်ငယ်ဖြင့် လည်းကောင်း။ 

 


ဒီဇင်ဘာ ၉ ရက်တွင် တရားခံ ဖြိုးမောင်မောင်   (ခ)  ဖြိုးကြီး သည်   ဖမ်းဆီးရန်ကျန်  တရားခံ ဖိုးကုလားနှင့်အတူ     သန်လျင် မြို့နယ်     ဗိုလ်ချုပ်ကျေးရွာနေ အပြစ်မဲ့ပြည်သူ       တစ်ဦးကို  လက်နက်ငယ်ဖြင့်       ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း  ဖော်ထုတ် သိရှိရသည်။

 


အောက်တိုဘာ ၁၃ ရက်တွင် တရားခံ     သန့်ဇော်အောင်(ခ)စိုးလေးသည်   ဖမ်းဆီးရန်ကျန် တရားခံ    ကိုဂျိတ်(ခ)ဇေယျာ၊ ဟိန်းကိုဦးတို့နှင့်အတူ တောင်ဥက္က လာပမြို့နယ် ပါရမီမီးပွိုင့်ရှိ CCTV Control Box  ကို  လက်လုပ်ဗုံး ဖြင့် လည်းကောင်း။
အောက်တိုဘာ ၁၈ ရက်တွင် တရားခံ  ရဲမင်းဖြိုး(ခ)ကိုဖြိုးနှင့် သန့်ဇော်အောင် (ခ)စိုးလေး တို့ သည်  ဖမ်းဆီးရန်ကျန်  တရားခံ ကိုဂျိတ်(ခ)ဇေယျာ၊   ဟိန်းကိုဦး တို့နှင့်အတူ    ကမာရွတ်မြို့နယ် ကျွန်းတောလမ်းနှင့်  ဟံသာဝတီ မီးပွိုင့်လမ်းထောင့်ရှိ      CCTV Control Box   ကို   လက်လုပ်ဗုံး ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 

 


အထက်ပါ ဖမ်းဆီးရမိသူများ ကို      ဥပဒေအရ     ထိရောက်စွာ အရေးယူနိုင်ရေး       ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်    ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊လှုပ်ရှား သွားလာနေထိုင်မှု   သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ   သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း  တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း     ဆောင်ရွက်နိုင်ပါရန် အသိပေး   သတင်းထုတ်ပြန်ထား ကြောင်း  သက်ဆိုင်ရာမှ  သတင်း ရရှိသည်။


သတင်းစဉ်