မင်းလှမြို့နယ်တွင် မီးလောင်မှုဖြစ်ကာ လူနေအိမ် ၁၂ လုံးနှင့် တဲလေးလုံး ဆုံးရှုံး

 

မင်းလှ   ဒီဇင်ဘာ   ၁၈


ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင်  ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ကာ လူနေအိမ် ၁၂ လုံးနှင့် မြေစိုက်တဲ လေးလုံး ဆုံးရှုံး ကြောင်း သိရသည်။

 


 ယင်းကျေးရွာနေ ဦးတင့်ဟန်(၃၅)နှစ်၏နေအိမ်တွင် မီးဖိုချောင်မှတစ်ဆင့် စတင် ၍ မီးလောင်ခဲ့ခြင်းဖြစ်ပြီး   အနီးပတ်ဝန်းကျင်ရှိ  လူနေအိမ်  ၁၁ လုံးနှင့် မြေစိုက်တဲ လေးလုံးကို  ကူးစက်လောင်ကျွမ်းခဲ့ရာ သာယာဝတီခရိုင်မီးသတ်တပ်ဖွဲ့၊ မင်းလှ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မိုးညိုမီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ အချိန်မီငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 


အဆိုပါမီးလောင်မှုကြောင့်     မီးဘေးသင့်ပြည်သူများကို    ၎င်း၏ဆွေမျိုးများ  နေအိမ်တွင်ယာယီထားရှိပြီး မီးလောင်မှုနှင့်ပတ်သက်၍ ဦးတင့်ဟန်အား  အမှုဖွင့် အရေးယူ  ဆောင်ရွက်လျက်ရှိသည်။ ဒီဇင်ဘာ ၁၈ ရက်တွင် အဆိုပါ မီးဘေးသင့် နေအိမ် ၁၆ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် ၁၆ သိန်း၊မီးဘေးသင့် ပြည်သူစုစုပေါင်း ၇၄ ဦးတို့အတွက်   ဆန်ရိက္ခာဖိုး  ထောက်ပံ့ငွေကျပ် ၁၇၅၅၄၀၀ နှင့်  ကယ်ဆယ်ရေးပစ္စည်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                          

ပေါက်စ(မင်းလှ)