
နယူးယောက် ဒီဇင်ဘာ ၁၈
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ အကာအကွယ်ဖြစ်စေရန်အတွက် ကာကွယ်ဆေး ထိုးကြရန် တိုက်တွန်းလျက်ရှိသည်။
အမေရိကန်၌ အိုမီခရွန်ကူးစက်မှုမှာ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည့်အတွက် ယခုလို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဒယ်လ်တာ ကူးစက်မှုမှာ ဆက်လက်ပြန့်ပွားနေပြီး အိုမီခရွန် ကူးစက်မှုမှာလည်း လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်ဟု စီဒီစီမှ ညွှန်ကြားရေးမှူး ရိုချဲလ်လီ ဝေလ်လန်စကီး က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောသည်။
အမေရိကန်နိုင်ငံ၌ မကြာမီအချိန်အတွင်း အိုမီ ခရွန်မှာ လွှမ်းမိုးနိုင်သည့် မျိုးကွဲဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ပေါင်း ၃၉ ခုတွင် အိုမီခရွန်ကူးစက်မှုကို ကျန်းမာရေးအာဏာပိုင် များက ထောက်လှမ်းတွေ့ရှိထားသည်။ ကာကွယ် ဆေးထိုးခြင်း၊ ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်ခြင်း အပါအဝင် ကာကွယ်ရေးအစီအမံများကို ပြုလုပ် ကြရန်လည်း ၎င်းက တောင်းဆိုထားသည်။
မကြာမီအချိန်အတွင်း အားလပ်ရက်ရာသီ ကျရောက်တော့မည်ဖြစ်ပြီး လူစုလူဝေးပြုလုပ်ခြင်း များနှင့် လူအများအပြား ခရီးထွက်ခြင်းများ ပြုလုပ် ကြတော့မည်ဖြစ်သည်။ ယင်းကာလမတိုင်မီ ယခုလို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
တစ်ပတ်တာအတွင်း နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၂၀၀၀၀ ရှိပြီး ဆေးရုံတက်ရမှုနှုန်းမှာ ၇၈၀၀ ရှိကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။
အင်န်အိတ်ချ်ကေ