
ဂျီနီဗာ ဒီဇင်ဘာ ၁၈
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်-၁၉ ကာကွယ်ဆေးအဖြစ် အမေရိကန်ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်လုပ်သော နိုဗာဗက်ကာကွယ်ဆေးကို အရေးပေါ် သုံးစွဲခွင့်အတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး၏ လုံခြုံစိတ်ချရ မှုနှင့် အစွမ်းထက်မှုတို့ကို အတည်ပြုပြီး နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခွင့်ပြု ပေးခဲ့ခြင်းဖြစ်သည်။ နိုဗာဗက်ကုမ္ပဏီ လိုင်စင်အောက်တွင် အိန္ဒိယစီရမ်အင်စတီကျု က ထုတ်လုပ်သွားမည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးမှာ သာမန်ရေခဲ သေတ္တာများတွင် ထိန်းသိမ်းထားနိုင်သည့် အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုရန် အတွက် သင့်လျော်သည်ဟု စဉ်းစားထားသည်။
နိုဗာဗက်မှ ထုတ်လုပ်သည့် နောက်ထပ် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကိုလည်း အကဲဖြတ်နေဆဲပင်ဖြစ်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ ကိုဗက် အစီအစဉ်အောက်တွင် ယခုနှစ်အတွင်း ကာကွယ်ဆေးအလုံးရေ နှစ်ဘီလီယံကို ဖြန့်ဝေပေးရန် မျှော်လင့်ထားသည်။
သို့သော်လည်း ယခုအချိန်အထိ သန်း ၇၀၀ သာ ထောက်ပံ့ပေးရသေးသည်။ ချမ်းသာ သော နိုင်ငံများမှ ကာကွယ်ဆေးလှူဒါန်းပေးမှုများမှာလည်း ရပ်တန့်နေသည်။
အင်န်အိတ်ချ်ကေ