
နေပြည်တော် ဩဂုတ် ၂၇
2020 ASEAN Leadership & Partnership Forum ကို ယနေ့ မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ Virtual စနစ်ဖြင့် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက "Cohe-sive and Responsive ASEAN" ဟူသော ရည်မှန်းချက် အောက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးသည် အာဆီယံ ၏ စည်းလုံး ညီညွတ်မှု၊ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးအရပေါင်းစည်းမှုနှင့် အာဆီယံ၏ သူမတူသည့် ထူးခြားမှုများကို မြှင့်တင်သွားရမည်ကို အဖွဲ့ဝင်နိုင်ငံများ အားလုံးက အထူးအလေးထားကြပါကြောင်း၊ ထို့အပြင် ဒေသတွင်းနဲ့ ကမ္ဘာ့အခင်းအကျင်းတွင် လျှင်မြန်သည့် ပြောင်းလဲမှုများကြောင့် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ် မှုများကို စုပေါင်းဖြေရှင်းကြရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နှေးကွေးသွား သည့် အာဆီယံ၏ FTAs များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း စဉ်များကို ပြန်လည်မောင်းနှင် ဆောင်ရွက်သွားရမည် ဖြစ်ပြီး FTAs များတွင် အထောက်အပံ့ ကွင်းဆက်များ ချောချောမွေ့မွေ့လည်ပတ်နိုင်စေရန်နှင့် အခွင့်အလမ်း သစ်များ ဆက်လက်ဖန်တီးပေးနိုင်ရန်တို့ကိုလည်း အလေးထားဆောင်ရွက်နေကြပါကြောင်း။
အာဆီယံသည် ကမ္ဘာ့စီးပွားရေးတွင် အဓိကကျသည့် စီးပွားရေး အင်အားကြီးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည် နေသော်လည်း ကမ္ဘာတွင်အဓိကအရေးပါသည့် Digital Economy တစ်ခုဖြစ်လာစေရေးအတွက် ကိုဗစ်-၁၉ ကြောင့် ပြန်လည်နလန်ထူလာရေး ကြိုးပမ်းမှုများတွင် ဒစ်ဂျစ်တယ်လ်နည်းပညာများ၏ မရှိမဖြစ်အရေးပါမှုကို အသိအမှတ်ပြုပြီး Digital Integration ဆောင်ရွက် နိုင်မှသာလျှင် အာဆီယံသည် အခြားသော ကမ္ဘာ့အဓိကနိုင်ငံ ကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည် ဖြစ်ပါကြောင်း၊ သို့မှသာ ဒေသတွင်းကူးလူးဆက်သွယ်မှုကို ပိုမိုတိုးမြှင့် စေပြီး ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအပြင် ရင်းနှီး မြှုပ်နှံမှုကိုပါ မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့် ASEAN Leadership and Partnership Forum သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြုံတွေ့ရသည့်စိန်ခေါ်မှုတွေကိုဖြေရှင်းရန်နှင့် အာဆီယံကို ကြံ့ကြံ့ခိုင်ပြီး ခိုင်မာတောင့်တင်း၍ တန်ပြန်တုံ့ပြန်နိုင် စွမ်းအားမြင့်မားသည့် ဒေသတစ်ခုအဖြစ် တိုးတက်လာ စေရန်သာမက အဓိကကျသည့် Digital Economy ဖြစ်ရေး အတွက် အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ သုတေ သန အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ၊ စာပေ ပညာရှင်များနှင့် မီဒီယာများမှ ခေါင်းဆောင်များတွေ့ဆုံပြီး ထိရောက်မှုရှိသည့် ရလဒ်ကောင်းများ ထုတ်ပေးနိုင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးအတွက် အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်းရှိ မတူကွဲပြားသည့် တန်ဖိုးများကို နက်နက်ရှိုင်းရှိုင်းနားလည် ၍ ကမ္ဘာ့စီးပွားရေးအရ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိသည့်အပြင် ချမှတ်ထားတဲ့ ပန်းတိုင်များကို လည်းရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အာဆီယံကို “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသော ပတ်ဝန်းကျင်ကောင်းတစ်ခု” အဖြစ် ထိထိရောက်ရောက်ဖန်တီးနိုင်ရန် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံ၊ Prime Minister’s Department(Economy)မှ ဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ ASEAN Business Advisory council မှ Chairman နှင့် Vietnam Chamber of Comm-erce & Industry မှ Vice-Chairman၊ QI Group မှ Execu-tive Chairman၊ မလေးရှားနိုင်ငံ Economic Club of Kuala Lumpur မှ Chairman နှင့် KSI Strategic Institute မှ Adviser၊ KSI Strategic Institute for Asia Pacific မှ President နှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်