
ကွာလာလမ်ပူ ဒီဇင်ဘာ ၁၉
မလေးရှားနိုင်ငံ နေရာအစိတ်အပိုင်း အတော် များများတွင် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ် ခဲ့ပြီး ရေကြီးမှုဖြစ်ပွားခဲ့ရာ လူထောင်ပေါင်းများစွာ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဝန်ကြီးချုပ် အစ္စမေးလ်ဆဘရီယာကွတ်က ပြော သည်။
ကြိုတင်ပြင်ဆင်
ပြည်နယ်ပေါင်း ခြောက်ခုမှ လူပေါင်း ၁၁၃၈၄ဦး ကို ခိုလှုံရာနေရာများသို့ပို့ပေးခဲ့ရသည်။ ကြိုတင် ကာကွယ်ပေးမှုအဖြစ် လူပေါင်း ၁ ဒသမ ၆ သန်း အတွက် ကယ်ဆယ်ရေးစင်တာများကို ပြင်ဆင် ထားသည်ဟု သိရသည်။
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်လည်း လိုအပ်သည့် လုပ်ဆောင်မှုများ ကို အစိုးရက လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။
သတိပေးထား
မလေးရှား နိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက်မှ စတင် ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ပါဟန်နှင့် ဆလင်ဂါပြည်နယ်တို့တွင် အန္တရာယ် ဖြစ်နိုင်သည်အထိ ရေမြင့်တက်လာနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။ ကွာလာ လမ်ပူမြို့တွင်လည်း အလားတူ သတိပေးထား သည်။
ဆင်ဟွာ