ဩစတြေးလျနိုင်ငံ၌ အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများ ကာကွယ်ဆေးထိုးရန် ကြိုတင်စာရင်းပေးသွင်း

 

 

ကန်ဘာရာ  ဒီဇင်ဘာ  ၂၀
ဩစတြေးလျနိုင်ငံ   မြို့တော်တွင် ဒီဇင်ဘာ ၂၀ ရက်မှ   စတင်ကာ အသက် ၅ နှစ်မှ   ၁၁ နှစ်ကြား ကလေးများကို     ကိုဗစ်- ၁၉  ကာကွယ်ဆေးထိုးပေးရန်    စာရင်း ပေးသွင်းနိုင်ပြီဟု  သိရသည်။
ကလေးများအတွက်  ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံမှုကို ကြိုတင်စာရင်းပေးသွင်းမှုနှင့်အတူ ဇန်နဝါရီ ၁၀ ရက်မှ စတင်မည် ဖြစ်သည်။     ကလေးများတွင် ကိုဗစ်- ၁၉   ရောဂါလက္ခဏာ ပြင်းထန်မှုမရှိသော်လည်း     ရောဂါ ကူးစက်မှုမှာ  ဆက်လက်ရှိနေဦး မည်ဟု မြို့တော်နယ်မြေ    ကျန်းမာ ရေးဝန်ကြီး     ရေချယ်စတက်ဖန် စမစ်က ပြောသည်။    ကန်ဘာရာ မြို့ရှိ     မိဘများသည်      ၎င်းတို့၏ ကလေးများကို   ကိုဗစ်-  ၁၉ ကာကွယ်ဆေးထိုးပေးလိုပြီး ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့်ကိုဗစ်- ၁၉ ၏ သက်ရောက်မှုများ ကို အကာအကွယ်ပေးနိုင်မည်ဟု လည်း   ၎င်းက    ကြေညာချက် ထုတ်ပြန်ခဲ့သည်။  အသက် ၅   နှစ် မှ  ၁၁  နှစ်အရွယ်        ကလေးများ အတွက်    ဖိုက်ဇာကိုဗစ် - ၁၉ ကာကွယ်ဆေး   ထိုးပေးခြင်းမှာ လုံခြုံစိတ်ချရမှုရှိကြောင်း အတည် ပြုထားသည်။ 
 ဩစတြေးလျနိုင်ငံတစ်လွှား ဒီဇင်ဘာ ၂၀ ရက်တွင်   ကိုဗစ်- ၁၉   နောက်ထပ်ကူးစက်ခံရသူ ၄၀၀၀     နီးပါးရှိပြီး     ဆေးရုံ တက်ရောက်     ကုသရမှုနှုန်းနှင့် ကူးစက်မှုနှုန်းမှာ     ပြန်လည်များ ပြားလာခဲ့သည်။ နယူးဆော့ဝေးလ် ပြည်နယ်တွင်        ကိုဗစ်- ၁၉    နောက်ထပ်ကူးစက်ခံရသူ  ၂၅၀၁  ဦးရှိပြီး ဗစ်တိုးရီးယားပြည်နယ်တွင် ၁၃၀၂  ဦးရှိသည်။အင်န်အိတ်ချ်ကေ