ဆမ်မရူမီးတောင်ပေါက်ကွဲမှုအတွက်  ဂျာဗား၌  သတိပေးချက်ထုတ်ပြန်ထား

 

 

ဂျကာတာ  ဒီဇင်ဘာ  ၂၀
ဂျာဗားကျွန်းပေါ်ရှိ      မီးတောင် တစ်ခုမှာ နောက်ထပ်ပေါက်ကွဲမည့် အရိပ်အယောင်ရှိပြီး   မီးတောင်မှ ပြာများနှင့်ချော်ရည်များ  စီးဆင်း   လာနိုင်သည့်အတွက်  အင်ဒိုနီးရှား အာဏာပိုင်များက  သတိပေးချက်     ထုတ်ပြန်ထားသည်။
ဆမ်မရူမီးတောင်သည် ဒီဇင် ဘာ ၄ ရက်က ပေါက်ကွဲမှုဖြစ်ပေါ် ခဲ့ရာ ၄၈ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ပျောက်ဆုံးခဲ့သည်။ မီးတောင်ပြာ များ၊        ချော်ရည်များကြောင့် တောင်ခြေရှိရွာများ   ထိခိုက်ခဲ့ရ သည်။      ထိုအချိန်မှစတင်ကာ မီးတောင်ပေါက်ကွဲမှုနှင့် ချော်ရည် ပြာများထွက်မှုတို့ နေ့စဉ်ဆိုသလို ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက မီးတောင်ပေါက်ကွဲ မှုကြောင့် ပြာများနေရာအတော် များများသို့   ပြန့်ကျဲသွားခဲ့သည်။ မီးတောင် ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒုတိယအမြင့်ဆုံး   သတိပေးချက် ထုတ်ပြန်ထားသည်။   လွန်ခဲ့သည့်     နှစ်ပတ်ခန့် မီးတောင်ပေါက်ကွဲမှု      စတင်ဖြစ်ပွားခဲ့သည့်  အချိန်မှ စတင်ကာ ဒေသခံ ၁၀၀၀၀ ကျော် မှာ ခိုလှုံရာနေရာများတွင် နေထိုင် နေရသည်။ ဒီဇင်ဘာ ၇ ရက်တွင်    အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အဆိုပါဒေသသို့      သွားရောက်ခဲ့ သည်။  ဒေသခံအမြောက်အမြားကို    နေရာ          ရွှေ့ပြောင်းပေးမှုများ ပြုလုပ်ရန်    အစိုးရက   စဉ်းစားနေ သည်ဟုလည်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ