
ဘန်ကောက် ဒီဇင်ဘာ ၂၀
ထိုင်းနိုင်ငံ၌ ပထမဆုံး ဒေသတွင်း အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားနေသူတစ်ဦး တွေ့ရှိခဲ့ကြောင်း ကိုဗစ်-၁၉ အခြေအနေစီမံခန့်ခွဲရေး စင်တာ (စီစီအက်စ်အေ) က ဒီဇင်ဘာ ၂၀ ရက် က သတင်းထုတ်ပြန်ဖော်ပြ လိုက်သည်။
အိုမီခရွန် ကူးစက်ဖြစ်ပွားသူ မှာ ထိုင်းအမျိုးသမီးတစ်ဦးဖြစ်ကာ နိုဝင်ဘာလက နိုင်ဂျီးရီးယားမှ ပြန်လာသော သူမအမျိုးသားလေယာဉ် မှူးဆီကတစ်ဆင့် ကူးစက်ထိတွေ့ ခဲ့ခြင်းဖြစ်သည်။ အမျိုးသားရော၊ သူမ ပါ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့် အဝထိုးနှံမှု ခံယူပြီးပြီဖြစ်ကြောင်း စီစီ အက်စ်အေက ဖော်ပြသည်။
ထိုင်းအစိုးရက စမ်းသပ်စစ်ဆေးပြီး သွားလာနိုင်သည့် Test & Go ကွာရန် တင်းအစီအစဉ်ကို ဖျက်သိမ်းရန်စဉ်းစား နေချိန်တွင် ယခုလို အိုမီခရွန်ဗိုင်းရပ်စ် သစ်ကူးစက်ဖြစ်ပွားမှု တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်အထိ ထိုင်းနိုင်ငံ၌ အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၆၃ ဦးရှိကြောင်း အတည်ပြုဖော်ပြခဲ့ပြီး တချို့မှာ စစ်ဆေးထားဆဲရှိကြောင်း သိရသည်။
ဘက်ပေါင်းစုံဝင်ခွင့်အစီအစဉ်များအရ နိုဝင်ဘာ ၁ ရက်က ထိုင်းနိုင်ငံသို့ လမ်းဖွင့်ပေးလိုက်ချိန်တွင် နိုင်ငံတကာ ခရီးသွား ၁၅၀၀၀၀ ကျော်ရောက်ရှိလာခဲ့ သည်။
တင်းကျပ်သည့် ဝင်ခွင့်သတ်မှတ် ချက်များ ပြန်လည်ချမှတ်လိုက်ခြင်းနှင့် ကွာရန်တင်းဝင်ရန် ဆောင်ရွက်ချက်များ က ခရီးသွားကဏ္ဍကို ထိခိုက်စေရုံ သာမက အလုံးစုံစီးပွားရေးပြန်လည် နာလန်ထူရေးကိုလည်း သက်ရောက်မှု ရှိစေသည်။
ဆင်ဟွာ