
လန်ဒန် ဒီဇင်ဘာ ၂၀
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၁၃၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အဆိုပါ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ နေ့စဉ်ကူးစက်မှု အများဆုံးဖြစ်လာကြောင်း ဗြိတိန်ကျန်းမာရေး အေဂျင်စီက ယနေ့ပြောကြားသည်။
ကူးစက်ခံရသူပေါင်း ၁၁၃၆၁၃၈၇ ဦးရှိ
ဗြိတိန်နိုင်ငံ၌ လက်ရှိအချိန်အထိ အဆိုပါရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၇၁၀၁ ဦး ရှိလာခြင်း ဖြစ်သည်။ အလားတူ ဗြိတိန်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၂၈၈၆ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၁၁၃၆၁၃၈၇ ဦး ရှိလာကြောင်း ကျန်မာရေးအေဂျင်စီမှ ယနေ့ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရ သည်။
အလားတူ ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြင့် လွန်ခဲ့သည့်တစ်ရက်အတွင်း လူနာလေးဦး ထပ်မံသေဆုံးခဲ့ခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၁၄၇၂၁၈ ဦး ရှိလာကြောင်း သိရ သည်။ လတ်တလောအချိန်တွင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသော လူနာ ၇၆၁၁ ဦး ရှိကြောင်း သိရသည်။
အသွားအလာကန့်သတ်မှုချမှတ်ရန်လိုအပ်တစ်ချိန်တည်းမှာပင် ဗြိတိန်အစိုးရ၏
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် အကြံပေး အဖွဲ့က ဆေးရုံများတွင် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုများကို ကာကွယ်ရန် လာမည့် ရက်များအတွင်း နောက်ထပ် အသွားအလာ ကန့်သတ်မှုချမှတ်ရန်လိုအပ်ကြောင်း သတိပေး လိုက်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ