တရုတ်နိုင်ငံ၏ နှစ်စဉ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်မှု ခုနစ်ဘီလီယံရှိ

ပေကျင်း  ဒီဇင်ဘာ  ၂၀


တရုတ်နိုင်ငံ၏ နှစ်စဉ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထုတ်လုပ်မှုပမာဏသည်    ခုနစ်ဘီလီယံ 
ရှိကြောင်း တရုတ်နိုင်ငံစက်မှုနှင့်  သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနက     ယနေ့တွင် ပြောကြားသည်။


အဆိုပါ စက်မှုနှင့်  သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝန်ကြီးရှောင်ယာကင်က ဒီဇင်ဘာ ၂၀ ရက်တွင်   တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်း၌  ပြုလုပ်သည့်  အမျိုးသားအလုပ်သမား ညီလာခံတွင်   တရုတ်နိုင်ငံ၏   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ နောက်ဆုံး အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။


တရုတ်နိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်အထိ နိုင်ငံ တစ်ဝန်းတွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂ ဒသမ ၆၈ သန်းကျော်  အသုံးပြုပြီး ဖြစ်ကြောင်းလည်း တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်