
အဒစ်အဘာဘာ ဒီဇင်ဘာ ၂၀
အာဖရိကတိုက်၌ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၁၅၅၆၉၁ ဦးရှိလာကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြား သည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများကို ကိုယ်စားပြုသည့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူပေါင်း ၂၂၅၉၆၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၈၃၂၉၄၈၁ ဦးရှိကြောင်း သိရသည်။
အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၂၉၂၆၀၉ ဦးရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၉၅၂၆၂၈ ဦးရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်