ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ် မွမ်းမံတည်ဆောက်ရေး၊မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ပြန်လည်မွမ်းမံပြုပြင်ရေးနှင့်ပရိယတ္တိစာအောင်ဆုပဒေသာပင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ် မွမ်းမံတည်ဆောက်ရေး၊မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ပြန်လည်မွမ်းမံပြုပြင်ရေးနှင့်ပရိယတ္တိစာအောင်ဆုပဒေသာပင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

================================================================================

 

ရန်ကုန် သြဂုတ် ၃၁

 

ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံ အချောသတ် မွမ်းမံတည်ဆောက်ရေး၊ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်း တော်ကြီး ပြန်လည်မွမ်းမံပြုပြင်ရေးနှင့် ပရိယတ္တိ စာအောင်ဆုပဒေသာပင် အတွက် အလှူငွေများ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပ သည်။

 

ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ် မွမ်းမံတည် ဆောက်ရေးလုပ်ငန်းများအတွက် ပြည်ကြီးတံခွန်မြို့နယ် မဟာသုဒ္ဒရာ ရာမပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တ အာဝုဓ(လက်ပံတောင်း)နှင့် ထန်းတပင် မြို့နယ် ရွာမပရိယတ္တိ တပ်ဦးကျောင်း တိုက်မှ ဘဒ္ဒန္တ ဝိနယာစာရတို့က အလှူငွေကျပ် သိန်း ၅၀ စီ၊ ကျောက် တန်းမြို့ ဓမ္မဒါယာဒါသဒ္ဓမ္မရံသီ ရိပ်သာမှ ဘဒ္ဒန္တ ဝဏ္ဍိတက အလှူ ငွေကျပ် ၄၅ သိန်း၊ ဒေါပုံမြို့ ပြဿဒ် ကျောင်း ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တ ဧသကပဏ္ဍိတ၊ ပြည်မြို့ ဓမ္မသိင်္ဂီ မင်းကျောင်းတိုက်မှ ဒေါက်တာ ဘဒ္ဒန္တ ပညာစက္က၊ တွံတေးမြို့ ရတနာ့ဗိမာန် ကျောင်းမှ ဘဒ္ဒန္တ တေဇောသာရနှင့် မုဒုံမြို့နယ် အောင်တော်မူကျောင်းမှ ဘဒ္ဒန္တ သီလဝံတတို့က အလှူငွေကျပ် သိန်း ၃၀ စီ၊ တွံတေးမြို့ ဓမ္မရက္ခိတ ကျောင်းတိုက်မှ ဘဒ္ဒန္တ စရဏ၊ ဘီးလင်း မြို့နယ် အောင်ဗောဓိမဏ္ဍိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (တောင်စွန်း)မှ ဒေါက်တာ ဘဒ္ဒန္တ ပဏ္ဍိတ၊ တောင်တွင်းကြီးမြို့နယ် ငါးဆင့်အရှေ့ကျောင်းတိုက် မိုးကုတ် ရိပ်သာမှ ဘဒ္ဒန္တ ဓမ္မပီယ၊ ခရမ်းမြို့နယ် ကံသာကျောင်းတိုက်မှ ဘဒ္ဒန္တ ပညာ ဝံသ၊ မော်လမြိုင်မြို့ ပဏ္ဍိတာရုံ ပရိယတ္တိစာသင်တိုက်မှ ဒေါက်တာ ဘဒ္ဒန္တ ပဏ္ဍိတာ ဘိဝံသ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ဟင်္သာတမိုးကုတ် ဝိပဿနာဓမ္မရိပ်သာမှ ဘဒ္ဒန္တ သုန္ဒရ နှင့် မုဒုံမြို့နယ် ဇိနရံသီ ပရိယတ္တိ စာသင်တိုက်မှ ဘဒ္ဒန္တ နန္ဒနတို့က အလှူ ငွေကျပ် သိန်း ၂၀ စီ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် မိုးကုတ်ဝိပဿနာ ရွှေခြံ ဓမ္မရိပ်သာမှ ဘဒ္ဒန္တ ဇာဂရိယက အလှူငွေကျပ် ၁၅ သိန်း၊ မှော်ဘီ မြို့နယ် ကိုးလုံးကွင်း ပရိယတ္တိစာသင် တိုက်မှ ဘဒ္ဒန္တ ဃောသိတ၊ လှိုင်သာယာ မြို့နယ် စန္ဒာရာမဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ဘဒ္ဒန္တ စန္ဒာ ဝရ၊ စဉ့်ကိုင်မြို့ မိုးကုတ်ဝိပဿနာ မဟာစေတြာ ရာမကျောင်းတိုက်မှ ဘဒ္ဒန္တ စန္ဒာသီရိ၊ မင်္ဂလာဒုံမြို့နယ် ဆင်ဖုန် ဒက္ခိဏာရုံကျောင်းမှ ဘဒ္ဒန္တ ဝါယာမိန္ဒ၊ စဉ့်ကိုင်မြို့ တောမတောင် ပေါ်တောရကျောင်းမှ ဘဒ္ဒန္တ ပညာ ဝံသနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ဓမ္မဂုဏ်ရည်သီလရှင်စာသင် တိုက်မှ ဒေါ်ခေမာရီတို့က အလှူ ငွေကျပ် ၁၀ သိန်းစီ၊ ရန်ကင်းမြို့နယ် မှ သီဟသုဓမ္မသိင်္ဂီ ဒေါ်သန်းမြမိသားစု နှင့် ဦးနိုင်အေး-ဒေါ်နှင်းသက်ကျော်နိုင် (Myanmar First Asia Group of Companies) မိသားစုတို့က အလှူ ငွေကျပ်သိန်း ၁၀၀၀ စီ၊ ဗဟန်းမြို့နယ် မှ သုဓမ္မမဏိဇောတဓရ ဦးစိုးသန်း ထွန်း-ဒေါ်ခင်မေသန်း (ပွင့်သစ်စမ်း မိသားစုကုမ္ပဏီ)နှင့် ဦးကျော်ကျော်ဦး-သီရိသုဓမ္မသိင်္ဂီ သီဟသုဓမ္မသိင်္ဂီ ဒေါ်သန်းသန်းစိန်မိသားစုတို့က အလှူ ငွေကျပ် သိန်း ၅၀၀ စီ၊ SME Development Bank ဒုတိယဥက္ကဋ္ဌ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဇေယျာညွန့် - သီရိသုဓမ္မသိင်္ဂီ ဒေါ်အိသန္တာဘိုမိသားစုက အလှူ ငွေကျပ် သိန်း ၃၀၀၊ ပန်းဘဲတန်း မြို့နယ်မှ ဒေါ်ကြည်ကြည်လွင် (ခ)ဒေါ်ကြူကြူ (ခေတ်ဆန်း စင်္ကြာ ရွှေရည် စိန်ရွှေရတနာလုပ်ငန်းက ငွေကျပ်သိန်း ၁၅၀၊ စမ်းချောင်း မြို့နယ် ယုဇနစီးပွားရေးစင်တာမှ ဒေါ်သီတာအောင်က အလှူငွေကျပ် ၇၅ သိန်း၊ Strong Source Holding Co.,Ltd. အမှုဆောင်အရာရှိချုပ် ဦးစိုးနိုင်က အလှူငွေကျပ် သိန်း ၅၀ စုစုပေါင်း ငွေကျပ် ၄၀၅၅ သိန်း၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပြန်လည်ပြုပြင် မွမ်းမံရေးအတွက် ဦးသိန်းမောင်-ဒေါ်ပါးပါး(စန္ဒီပရဆေး) မိသားစုက အလှူငွေကျပ် သိန်း ၁၀၀ နှင့် ၈၀၀၀ ကျပ်၊ ပရိယတ္တိစာအောင်ဆုပဒေ သာပင်အတွက် ဗဟန်းမြို့နယ် ဇေယျ သိဒ္ဓိ သီလရှင်စာသင်တိုက်မှ ဒေါ်ခေမာ စာရီတို့က အလှူငွေကျပ် ၁၀ သိန်းတို့ ကို ပေးအပ်လှူဒါန်းကြရာ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူး တင်ဝမ်းမြောက်စကား လျှောက်ထား ပြောကြားသည်။

 

အခမ်းအနားသို့ သာသနာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်း ညွန့်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

သတင်းစဉ်