လွတ်လပ်ရေးအနှစ်သာရ တန်းတူခံစား လွတ်လပ်ရေးကို စောင့်ရှောက်ကာကွယ်

Type

ငြိမ်းချမ်းမောင်
 

=====

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏   သမိုင်း ဝင်နေ့ထူးကြီးများအနက်       “လွတ်လပ်ရေးနေ့” သည် အထူးမြတ်ဆုံးနေ့တစ်နေ့ဖြစ်ပါသည်။
-    နယ်ချဲ့ကိုလိုနီအုပ်ချုပ်ခံဘဝမှ  လွတ်မြောက် ခဲ့သည့်နေ့၊ 
-    ကမ္ဘာတွင်  အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံအဖြစ် စတင်ရပ်တည်ခဲ့သည့်နေ့၊ 
-    နှစ်ပေါင်းတစ်ရာကျော်  ဖိနှိမ်ခံဘဝကျရောက် ခဲ့ရာမှ ပထမဆုံးစတင်လွတ်မြောက်သောနေ့။
ယင်းအကြောင်းသုံးချက်ကြောင့်   နိုင်ငံတော် က   အသိအမှတ်ပြုထားသည့်   အခြားသောနိုင်ငံ ရေး၊ လူမှုရေး နေ့ကြီးရက်ကြီးများထက် သမိုင်းဝင်၊ သမိုင်းတွင်သည့်    ပိုမိုထူးမြတ်သည့်     နေ့ကြီး ရက်ကြီးဖြစ်ပါသည်။        နှစ်ပေါင်းတစ်ရာကျော် တိုင်းတစ်ပါးကျွန်ဘဝ  ကျရောက်ခဲ့ရသော  မြန်မာ နိုင်ငံအား ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင်         လွတ်လပ်သောနိုင်ငံ အဖြစ်ကြေညာခဲ့၍ ထိုနေ့ထိုရက်ကို “လွတ်လပ် ရေးနေ့” ဟူ၍ ဂုဏ်ပြုခဲ့သည်။
လွတ်လပ်ရေးနေ့သည်ကား    မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူအားလုံးတို့  အရေးကြုံလျှင် သွေးချင်းဆုံ၍    တစ်သွေးတည်း၊    တစ်သားတည်း၊ တစ်စည်းတည်း၊    တစ်လုံးတည်း၊    တစ်ညီတည်း၊ တစ်ညွတ်တည်းဖြစ်တည်သော မျိုးချစ်စိတ်ဓာတ် ကို   အခြေခံလျက်   နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ အဆင့်ဆင့်ကို  တိုက်ခိုက်တွန်းလှန်ဆင်နွှဲခဲ့ကြ သည့်  အောင်ပွဲခံ၊ အောင်ပွဲဝင်မော်ကွန်းတင်သည့် နေ့ကြီးဖြစ်သည်။ 


ခါးသီးသောဆိုးမွေ


ကိုယ့်မင်းကိုယ့်ချင်း၊        ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်အရှင်၊   ကိုယ့်သခင်နှင့်    တစ်ထီးတစ်နန်း၊ တခမ်းတနားနေထိုင်လာခဲ့ကြသော    ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို   ဗြိတိသျှနယ်ချဲ့တို့က   ၁၈၂၄ ခုနှစ်တွင် ပထမအကြိမ်၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယ အကြိမ်၊  ၁၈၈၅   ခုနှစ်တွင်   တတိယအကြိမ် ကျူးကျော်စစ်ပွဲ သုံးကြိမ်ဆင်နွှဲပြီးနောက် မြန်မာ နိုင်ငံအား  ကိုလိုနီနိုင်ငံအဖြစ်   သွတ်သွင်းခဲ့သည်။   ဤအဖြစ်ဆိုး၊    ကြမ္မာဆိုးကြီးသည်   ထိုစဉ်က    ကျွန်ုပ်တို့  တိုင်းရင်းသားပြည်သူအားလုံးအတွက် အခါးသီးဆုံးသော ဆိုးမွေများဖြစ်သည်။


မြန်မာနိုင်ငံသားတို့သည်  အားမတန်၍    မာန် လျှော့ခဲ့ရသော်လည်း ဒူးမထောက်၊ လက်မမြှောက် ခေါင်းငုံ့မခံခဲ့ကြပါပေ။  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသား မျိုးချစ် ပုဂ္ဂိုလ်အပေါင်းတို့သည်    တောင်ပေါ်မြေပြန့်နေရာ အနှံ့တွင် သူ့ကျွန်မခံ၊ အလံမလှဲစတမ်း ရရာလက်နက် ကိုင်စွဲ၍  တိုက်ပွဲအလီလီဆင်နွှဲခဲ့ကြသည်။   ၁၈၈၅ ခုနှစ်မှ ၁၈၉၀ ပြည့်နှစ်အထိ မြန်မာမျိုးချစ်သူရဲကောင်း များ၏ လက်နက်ကိုင်တိုက်ပွဲများသည် နိုင်ငံတစ်ဝန်း ဒေသအနှံ့တွင်    သောသောညံခဲ့သည်။    သို့သော် အားမတန်၍ မာန်လျှော့ရပြန်သည်။


နယ်ချဲ့ဆန့်ကျင်ရေး


၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာ ကလျာဏယုဝ (ဝိုင်အမ်ဘီအေ)  အသင်းကြီး စတင်ထူထောင်လိုက် ခြင်းသည်  တိမ်မြုပ်နေသောမျိုးချစ်စိတ်  ပြန်လည် နိုးထလာသည်။ မြန်မာအသင်းများ၏ မြန်မာ့အသင်း ချုပ်ကြီး   (ဂျီစီဘီအေ)  ကို    ဖွဲ့စည်းကာ   အမျိုးသား နိုင်ငံရေးစိတ်ဓာတ်များ၊ တိုင်းရင်းသားပြည်သူတို့၏ ဝံသာနုစိတ်ဓာတ်များဖြင့်         စည်းရုံးလှုပ်ရှားကာ နယ်ချဲ့တို့ကို    အဘက်ဘက်မှ    ထိုးနှက်ခဲ့ကြသည်။ ၁၉၂၀  ပြည့်နှစ်တွင်  ပထမအကြိမ်   ကျောင်းသား သပိတ်ကြီး၊   ၁၉၃၀    ပြည့်နှစ်တွင်    တောင်သူ လယ်သမားတော်လှန်ရေးကြီး၊   ၁၉၃၆   ခုနှစ်တွင် ဒုတိယအကြိမ်   ကျောင်းသားသပိတ်ကြီး၊    ၁၉၃၈ ခုနှစ်တွင်   ၁၃၀၀   ပြည့်   ရေနံမြေအရေးတော်ပုံကြီး စသည်တို့သည်   တောင်သူလယ်သမား၊    အလုပ် သမား၊ ကျောင်းသားထုလူတန်းစားများနှင့် မြန်မာ တိုင်းရင်းသားမျိုးချစ်လူငယ်အလွှာမျိုးစုံတို့ အဆင့် ဆင့်လှုပ်ရှားတော်လှန်ခဲ့ကြသော  နယ်ချဲ့ဆန့်ကျင် ရေး သမိုင်းဝင်လှုပ်ရှားမှုများဖြစ်သည်။


ထို့နောက်  ဘီအိုင်အေ -  ဗမာ့လွတ်လပ်ရေး တပ်မတော်၊     ဘီဒီအေ   -    ဗမာ့ကာကွယ်ရေး တပ်မတော်၊  ပီဘီအက်ဖ် -     မျိုးချစ်ဗမာ့တပ်မတော် တို့ကို     ဗိုလ်ချုပ်အောင်ဆန်း     ဦးစီးဖွဲ့စည်း တည်ထောင်ကာ  ဗြိတိသျှနယ်ချဲ့တို့ကို    တွန်းလှန် တိုက်ထုတ်ခဲ့သည်။   ထို့နောက်   ဖက်ဆစ်တို့အား ရဟန်းရှင်လူပြည်သူများနှင့်အတူ              လက်တွဲ တွန်းလှန်ခဲ့ကြသည်။            ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီးသည်  ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင် တိုင်းရင်းသားပြည်သူများ အား   စည်းရုံးလှုပ်ရှားကာ  တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ခိုင်မာစွာသက်သေထူခဲ့သည့် ပင်လုံ စာချုပ်ကြီးကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။


လွတ်လပ်ရေးကိုရယူခဲ့


ထိုသို့    တိုင်းရင်းသားပြည်သူအပေါင်းတို့၏ စည်းလုံးညီညွတ်သော စွမ်းပကားများဖြင့်   ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် သမိုင်းတွင် သမိုင်း ဝင်သည့်          အချုပ်အခြာအာဏာပိုင်ဆိုင်သည့် လွတ်လပ်သောနိုင်ငံကို      လက်ဝယ်ပိုင်ပိုင်နိုင်နိုင် ပြန်လည်ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေးအတွက် ခေတ်အဆက်ဆက်မှ တိုင်းရင်းသား ပြည်သူအပေါင်းတို့သည်   အမျိုးဂုဏ်   ဇာတိဂုဏ် မပျောက်ပျက်စေရန်   မျိုးချစ်စိတ်ဓာတ်ရှိသူများ၊ နိုင်ငံချစ်စိတ်ဓာတ်ရှိသူများက     တိုင်းရင်းသား ပြည်သူများနှင့်လက်တွဲ၍ လွတ်လပ်ရေးကို မရအရ ရယူပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်   ရဲဘော် သုံးကျိပ်တို့က ဂျပန်နိုင်ငံတွင် စစ်ပညာကို အပင်ပန်း အဆင်းရဲခံသင်ယူပြီး   ကျူးကျော်သူနယ်ချဲ့တို့ကို တွန်းလှန်းကာ လွတ်လပ်ရေးကို ရယူခဲ့ကြသည်။
လွတ်လပ်ရေးသည်    ပြီးဆုံးသွားသောကိစ္စ မဟုတ်ပေ။    ရရှိပြီးသော    လွတ်လပ်ရေးကို ဆက်လက်       ထိန်းသိမ်းစောင့်ရှောက်ကြရသည့် တာဝန်များရှိသည်။ မြန်မာနိုင်ငံ  လွတ်လပ်ရေးရရှိ သောအခါ   အရင်းရှင်ပါလီမန်ဒီမိုကရေစီစနစ်နှင့် အတူ အာဏာရနိုင်ငံရေးပါတီများအတွင်း ဂိုဏ်း ဂဏကွဲပြားမှုများ       ဖြစ်ပေါ်လာသောကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ယိုယွင်းပျက်ပြား လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း   တည်ဆောက် ပေးခဲ့သော       လွတ်လပ်ရေးရည်မှန်းချက်များ ပျောက်ကွယ်မှေးမှိန်ခြင်းဖြစ်ခဲ့ရုံမက ပြည်ထောင်စု ကြီး   ပြိုကွဲပျက်စီးမည့်အန္တရာယ်   ပေါ်ပေါက်လာ သောကြောင့်  တပ်မတော်သည်   လွတ်လပ်ရေးနှင့်        အချုပ်အခြာအာဏာကို        ထိန်းသိမ်းကာကွယ်    စောင့်ရှောက်ရန်အတွက် နိုင်ငံတော်၏တာဝန်ကို ယူခဲ့ရသည်။                


လမ်းကြောင်းမှန်ပေါ်သို့


ထို့နောက် နိုင်ငံတော်ကို ဆိုရှယ်လစ်စီးပွားရေး စနစ်ဖြင့်   တည်ဆောက်ခဲ့ရာတွင်    တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သဖြင့်     ပြည်တွင်းစီးပွားရေးကျဆင်း ကျပ်တည်းလာချိန်တွင် ပြည်တွင်း၊ ပြည်ပ ပယောဂ များပူးကပ်မှုကြောင့် ၁၉၈၈ ခုနှစ် တိုင်းဆူပြည်ပျက် အခြေအနေဆိုးများနှင့်         ကြုံတွေ့လာခဲ့သည်။ တိုင်းပြည်အခြေအနေ အလွန်ဆိုးရွားလာသောအခါ တိုင်းပြည်အန္တရာယ်မကျရောက်စေရန် တပ်မတော် သည်     နိုင်ငံတော်ကို     ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့သည်။ ထို့နောက် တပ်မတော်သည် တိုင်းပြည်ကို   ပြည်သူများလိုလားသည့်  ဒီမိုရေစီ လမ်းကြောင်းပေါ်သို့    တင်ပေးခဲ့ပြီး    ဒီမိုကရေစီ တတိယအကြိမ်          သက်တမ်းအရောက်တွင် မဲမသမာမှုများကို   ရည်ရွယ်ချက်ရှိရှိ    မရိုးမသား ပြုလုပ်လာသောကြောင့်  ဒီမိုကရေစီလမ်းကြောင်း မှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် နိုင်ငံ့တာဝန် ကို မလွှဲသာမရှောင်သာ ယူခဲ့ရပြန်သည်။


တပ်မတော်သည်    နိုင်ငံ့တာဝန်ကို     ရယူ ပြီးနောက် နိုင်ငံတော်နှင့်ပြည်သူတို့ကို ခြိမ်းခြောက် နှောင့်ယှက်  အန္တရာယ်ပေးလာသော ဆူပူလှုပ်ရှား အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ကြသည့် အကြမ်း ဖက်အဖျက်သမားများကို ရှင်းလင်းဖယ်ရှားလျက် ရှိသည်။ လက်ရှိကာလတွင် လူသားများ၏အခြေခံ အကျဆုံး အခွင့်အရေးတစ်ရပ်ဖြစ်သော အသက် ရှင်သန်ခွင့်ကို    ခြိမ်းခြောက်လျက်ရှိသည့်   ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ လျော့ပါးသက်သာကင်းဝေး စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မည်သူ့ကိုမျှ  ခွဲခြားချန်လှပ်ခြင်း မရှိဘဲ     ပြည်သူများ    တန်းတူညီမျှ      ကာကွယ်ဆေး ထိုးနှံခွင့်ရရှိရေးအတွက် အဓိကဦးစားပေးအစီအစဉ် တစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင်   ကိုဗစ်-၁၉   ကပ်ရောဂါကြောင့်    ထိခိုက်ခဲ့သည့် ပြည်သူများ၏စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးကုစား နိုင်ရေးအတွက်      ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်  ရှေ့လုပ်ငန်းစဉ်တစ်ရပ် ချမှတ် ဆောင်ရွက်လျက်ရှိသည်။


သာတူညီမျှရရှိခံစားရေး


ပြည်သူများ  စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေး မှု   အခွင့်အရေးများ   အပြည့်အဝခံစားရရှိပြီး   ပြည်သူများ၏    လူမှုဘဝမြင့်မားတိုးတက်ရေးနှင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဖြစ် သည်။  နိုင်ငံအတွင်း  ထာဝရငြိမ်းချမ်းရေးအတွက်   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ပါ သဘောတူညီချက်များကို အလေး ထား အကောင်အထည်ဖော်လျက်ရှိသည်။ တိုင်းရင်း သားညီအစ်ကို မောင်နှမများအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်များကို သာတူညီမျှရရှိ ခံစားနိုင်ရေး အတွက်  မျှော်မှန်းကြိုးပမ်းလျက်ရှိသည်။


တိုင်းပြည်တွင် ပေါ်ပေါက်လာသော  အန္တရာယ် အမျိုးမျိုးကြောင့်         ပြည်ထောင်စုမပြိုကွဲရေးနှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ မပျက်စီးရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ         တပ်မတော်၏တာဝန် ဖြစ်သည်။ ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ် ကို လမ်းကြောင်းမှန်မှန် လျှောက်လှမ်းနိုင်ရေးအတွက် ထိန်းကျောင်းတည့်မတ်ပေးရန်လည်း        တာဝန်ရှိ သည်။ နိုင်ငံတော်အင်အားရှိမှ၊ တိုင်းရင်းသားပြည်သူ အားလုံး    စည်းစည်းလုံးလုံး  ညီညီညွတ်ညွတ်ရှိမှ၊ စနစ်တကျဖွဲ့စည်းထားသော ခေတ်မီတပ်မတော်ရှိမှ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲ မည်ဖြစ်သည်။  တိုင်းပြည်အင်အား  တောင့်တင်းမှ နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးလာမည်ကို  ပြည်သူ အပေါင်းတို့     သိရှိနားလည်ကြရန်   လိုအပ်သည်။ ပြည်သူများစည်းလုံးညီညွတ်မှုရှိပြီး       စနစ်တကျ ဖွဲ့စည်းထားသော ခေတ်မီတပ်မတော်ရှိမှသာလျှင် နိုင်ငံတော်အင်အား တောင့်တင်းခိုင်မာမည်။


ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး


ပြည်သူအချင်းချင်း၊   အဖွဲ့အစည်းအချင်းချင်း၊ ခေါင်းဆောင်အချင်းချင်း  ညီညွတ်မှုမရှိဘဲ    ပြည်ပ အားကိုးပြီး    သူတစ်လူငါတစ်မင်း    ဖြစ်နေသော ကာလမျိုးတွင်   တိုင်းပြည်အင်အားကျဆင်းပြီး   နှစ်ပေါင်းထောင်ချီ တည်ထွန်းခဲ့သည့် လွတ်လပ် ရေးဆုံးရှုံးခဲ့သည်။  မြန်မာနိုင်ငံ၏  လွတ်လပ်ရေးနှင့်   အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရခြင်းသည် သင်ခန်း စာယူဖွယ်ရာများဖြစ်သည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ သဖြင့် ခါးသီးသောအတွေ့အကြုံများကို  နောင်မျိုး ဆက်တို့   သိရှိနားလည်ကြရန်   လိုအပ်သည်။ ထို့ကြောင့်  သင်ခန်းစာယူစရာ    မြန်မာ့သမိုင်း ကြောင်းများကို    အမြဲဖော်ထုတ်ပေးရန်လိုအပ် သည်။  လွတ်လပ်ရေးဆုံးရှုံးခဲ့သောကာလမှစ၍          လွတ်လပ်ရေးရရှိပြီး   ထိန်းသိမ်းစောင့်ရှောက်ခဲ့ရ သည့်ကာလများအတွင်း   နိုင်ငံအတွက်  အသက်၊ သွေး၊ ချွေးပေးဆပ်ခဲ့ရသည့် သမိုင်းကြောင်းများကို ထုတ်ဖော်အသိပေးနိုင်မှသာ          နောင်လာမည့် မျိုးဆက်များအနေဖြင့်        လွတ်လပ်ရေး၏အနှစ် သာရကို  သိရှိနားလည်ပြီး  နိုင်ငံတော်ကို  ကိုယ်ပိုင် အသိစိတ်ဓာတ်၊           ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ  ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် စွမ်းအားများ ရရှိမည်ဖြစ်သည်။


အချုပ်အားဖြင့်ဆိုပါလျှင်          မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တပ်မတော်သည် ပြည်သူ များနှင့်         တစည်းတလုံးတည်းလက်တွဲပြီး ကြိုးပမ်းခဲ့ကြသည်။   လွတ်လပ်ရေးရရှိပြီးသော အခါ ဖြစ်ပေါ်လာသည့် ပြည်တွင်း/ ပြည်ပအန္တရာယ် များကို တွန်းလှန်ဖယ်ရှားရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေး၊       အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေး၊  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊   ပြည်သူများ လိုလားသည့် ဒီမိုကရေစီစနစ် လမ်းကြောင်းမှန်စွာ တည့်မတ်ခိုင်မာရေး စသည်တို့ကို ဦးလည်မသုန် ထမ်းရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက်နေခြင်း သည် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင် နေခြင်းဖြစ်သည်။ လွတ်လပ်ရေးကို အရယူပေးခဲ့ပြီး လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပေးနေခြင်းဖြစ်သည်။ လွတ်လပ်ရေး၏အနှစ်သာရ ခံစားရရှိနိုင်ရေးနှင့်  လွတ်လပ်ရေးကို  ကာကွယ် စောင့်ရှောက်ရေးအတွက် အားလုံးအတူလက်တွဲ ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။     ။