
ဟနွိုင်း ဒီဇင်ဘာ ၂၁
ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၃၂၅ ဦး ထပ်မံတွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၆၃၁၆ ဦး သည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ကိုးဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ များအနက်မှ ကူးစက်ခံရခြင်းဖြစ် ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါ တစ်ရက်အတွင်းကူးစက်ခံရသူများအနက် မြို့တော်ဟနွိုင်းသည် ကူးစက်ခံရသူ ၁၇၀၄ ဦးဖြင့် အမြင့်ဆုံးဖြစ်ပြီး တေနင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၃၉ ဦး၊ ကာမောပြည်နယ်၌ ၁၅၉၀ အသီးသီးရှိကြောင်း သိရသည်။
လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၅၇၁၇၈၀ ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူစုစုပေါင်း ၃၀၀၄၁ ဦးရှိကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၅၀၁၉၁ ဦးရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၁၆၀၀၉၀ ရှိလာကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အောက်တွင် ကာကွယ်ဆေးအလုံးရေ ၁၄၀ ဒသမ ၄ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်