
နေပြည်တော် ဒီဇင်ဘာ ၂၂
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး တောင်ဥက္ကလာပမြို့မရဲစခန်း အနီးသို့ အကြမ်းဖက်သူများက ယာဉ်အမှတ် (စိစစ်ဆဲ) Light Truck အဖြူရောင် ယာဉ်ဖြင့် ရောက်ရှိလာကာ သစ္စာလမ်းဘက် မှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် နှစ်ချက် ချောင်းမြောင်းပစ်ခတ်ခဲ့ သဖြင့် ဗုံးသီးတစ်လုံးမှာ ရဲစခန်း နှင့် ပေ ၄၀ ခန့် အကွာ သစ္စာလမ်း ဘက်ရှိ မိသားစုနေအိမ်လိုင်းခန်း အနီးရှိ ကားပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည်။
ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်
ပေါက်ကွဲမှုကြောင့် အဆိုပါ လိုင်းခန်းဘေး ဈေးဆိုင်တွင် မုန့်စားနေကြသည့် အပြစ်မဲ့ အသက် (၇) နှစ်အရွယ် ယောက်ျား လေး တစ်ဦး၊ အသက် (၂) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အသက် (၁) နှစ်ခွဲအရွယ် မိန်းကလေး တစ်ဦး၊ အမျိုးသမီးရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦး တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေး ပို့ဆောင် စဉ် အသက် (၇) နှစ်အရွယ် ယောက်ျားလေး တစ်ဦးမှာ ရရှိ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ သဖြင့် တောင်ဥက္ကလာပမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ အကြမ်းဖက်သမားများကို ဖော် ထုတ် ဖမ်းဆီးရမိနိုင်ရေးဆောင် ရွက်ခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့သူများကို ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်စဉ် တာဝန်သိပြည်သူများ၏ ပူးပေါင်း ပါဝင် သတင်းပေးမှုများကြောင့် ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာ တွင် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် Light Truck ယာဉ်၏ ယာဉ်နံပါတ်ကို သိရှိရ သဖြင့် ယာဉ်နံပါတ်မှန်ကန်မှု ရှိ/ မရှိ အတည်ပြု စုံစမ်းဖော်ထုတ် မှုများ ပြုလုပ်ခဲ့ရာ အခင်းဖြစ်ချိန် က အကြမ်းဖက်သမားများမှာ ယာဉ်နံပါတ်အား ပြောင်းလဲ တပ်ဆင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ယာဉ်နှင့်အတူ ဖမ်းဆီးရမိ
ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက် မှုကျူးလွန်သူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ကို စုံစမ်းခဲ့ရာ အဆိုပါယာဉ်အား ရဲစခန်းပစ်ခတ် တိုက်ခိုက်သည့်နေ့တွင် မောင်းနှင် အသုံးပြုခဲ့သူများ ဖြစ်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၅) ရပ်ကွက် ကြေးတိုင်လမ်း အမှတ် (၂၈) နေ မျိုးမြင့်မြတ် အောင် (ခ) မျိုးကြီး (၂၁) နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ် စံပြ ရပ်ကွက် စံပြ (၁) လမ်း အမှတ် (၃၇၁) နေ ဝေယံထက် (ခ)နိုင်ကြီး (၂၀) နှစ်တို့ နှစ်ဦးကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၄၅) ရပ်ကွက် မဟာ လမ်းပေါ်၌ ဖြစ်စဉ်ပါယာဉ်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
MK-12 သေနတ် နှစ်လက်ဖမ်းမိ
ဖမ်းဆီးရမိတရားခံ နှစ်ဦး၏ ထွက်ဆိုချက်များအရ ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရာတွင် ၎င်းတို့ ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့ပြီး ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၀) ရပ်ကွက် ဗိုလ်တေဇလမ်း အမှတ်(၉၉)နေ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး (ခ)မိုးဟိန်း (ခ) Brain Wave ၏ နေအိမ်၌ တိုက်ခိုက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများ သိမ်းဆည်းထား ကြောင်း သိရှိရသဖြင့် သွားရောက် ရှာဖွေခဲ့ရာ ဝင်းဇော်မိုး (ခ)မိုးဟိန်း (ခ) Brain Wave သည် ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်း၏မိဘ များဖြစ်သည့် သူရ (ခ) ကျော်မင်း မင်းကို (၄၇) နှစ်နှင့် မိုးမိုးခိုင် (ခ)မြဝင်းကြည် (၅၁) နှစ်တို့ နှစ်ဦးကို MK-12 သေနတ် နှစ်လက်၊ ၎င်းကျည်တောင့် ၁၁၀၊ SIG SAUER ပစ္စတို တစ်လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ငါးလုံး၊ ကျည်အိမ်မျိုးစုံ ခြောက်ခု၊ ဒူးကာ သုံးစုံ၊ ဖောက်ခွဲ ရေးတွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ အလုံး ၂၀၊ ဓာတ်ခဲမျိုးစုံ အလုံး ၃၀၊ လက်လုပ် ဗုံးဆင်သည့် ဆားကစ်(စ်)ပြား ၅၀၊ 3D GUN Printer တစ်လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop တစ်လုံး၊ မှန်ပြောင်း တစ်လက်၊ မော်တာ တစ်လုံး၊ ငွေကျပ်သိန်း ၁၀၀၊ ဓာတ်ငွေ့ကာ တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ဖမ်းဆီးရမိတရားခံ မျိုးမြင့် မြတ်အောင် (ခ) မျိုးကြီး နှင့် ဝေယံ ထက် (ခ) နိုင်ကြီး တို့၏ ထွက်ဆို ချက်အရ ရဲစခန်းကို ပစ်ခတ် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ မြောက်ဥက္ကလာပမြို့နယ် (၆)ရပ်ကွက် ပိတောက်လမ်း အမှတ် (၄၁) နေ ဆက်စပ်တရားခံ မိုးကျော်သူ (ခ) အာကြီး (ခ) Rock Gyi(၂၆) နှစ်နှင့် အဆိုပါရပ်ကွက် ခရေလမ်း အမှတ် (၁၂၉) နေ ကျော်မိုးလွင်(ခ) ကျော်ကြီး (၂၆)နှစ်တို့ နှစ်ဦးကို ပိတောက်လမ်း ပေါ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိ တရားခံ ကျား ငါးဦး၊ မ တစ်ဦး ပေါင်း ခြောက်ဦးတို့ကို MK-12 သေနတ် နှစ်လက်၊ ၎င်းကျည် တောင့် ၁၁၀၊ SIG SAUER ပစ္စတို တစ်လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ငါးလုံး၊ ကျည်အိမ်မျိုးစုံ ခြောက်ခု၊ ဒူးကာ သုံးစုံ၊ ဖောက်ခွဲရေးတွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ အလုံး ၂၀ နှင့် ဆက်စပ် ပစ္စည်းများ၊ ဆားကစ်(စ်)ပြား ၅၀၊ 3D GUN Printer တစ်လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop တစ်လုံး၊ မှန်ပြောင်း တစ်လက်၊ မော်တာ တစ်လုံး၊ ငွေကျပ်သိန်း ၁၀၀၊ ဓာတ်ငွေ့ကာ တစ်ခု၊ မော်တော် ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ရန်ကုန်မြို့အတွင်း ဆူပူအကြမ်း ဖက်ဆန္ဒပြရာတွင် ပါဝင်ခဲ့ ကြောင်း၊ ဝေယံထက် (ခ) နိုင်ကြီး အနေဖြင့် ဧပြီလအတွင်း မြဝတီ မြို့နယ် လေးကေ့ကော်ကျေးရွာရှိ KNLA တပ်မဟာ (၆) တွင် ဖွင့်လှစ် သည့် အကြမ်းဖက် ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင် ရွက်ရန် ၂၀၂၁ ခုနှစ် ဇွန်လတွင် ဖမ်းဆီးရမိတရားခံ လေးဦး အပါ အဝင် အဖွဲ့ဝင် ၁၃ ဦး ဖြင့် D.S.R အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့ ကြောင်း၊ အဖွဲ့ခေါင်းဆောင်အဖြစ် ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော် မိုး (ခ) မိုးဟိန်း (ခ) Brain Wave မှ ဆောင်ရွက်ပြီး အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံ သည့် အဖွဲ့အစည်းများထံမှ အလှူ ငွေများရယူကာ ဖမ်းဆီးရမိ လက်နက်များနှင့် ဖောက်ခွဲရေးသုံး ပစ္စည်းများအား ဝယ်ယူခဲ့ကြောင်း၊ အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်ရန် Telegram တွင် Group ဖွဲ့၍ အကြမ်းဖက် ဖောက်ခွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ငန်းများ ကို Zoom Meeting ဖြင့် Online မှတစ်ဆင့် ဆွေးနွေးတိုင်ပင်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးမှုအနေဖြင့် ၃ ကြိမ်၊ တောင်ဥက္ကလာပမြို့မ ရဲစခန်း မိသားစုနေအိမ်လိုင်းခန်း အား တစ်ကြိမ် ပစ်ခတ်ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့ပြီး ကျူးလွန်ခဲ့မှု များအနေဖြင့်-
အောက်တိုဘာ ၁ ရက်တွင် မိုးကျော်သူ (ခ) Rock Gyi၊ မျိုးမြင့် မြတ်အောင် (ခ) မျိုးကြီး၊ ကျော်မိုး လွင် (ခ) ကျော်ကြီးနှင့် ဖမ်းဆီးရန် ကျန် တရားခံ ဆက်မင်းခန့်(ခ) လရောင် တို့ လေးဦးသည် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် ကြိုးတံတားအနီးတွင် လည်း ကောင်း။
အောက်တိုဘာ ၂၇ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃) ရပ်ကွက် သီတဂူဘုန်းတော် ကြီးကျောင်းအနီးတွင် လည်း ကောင်း။
အောက်တိုဘာ ၂၈ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဝတလမ်းဆုံအနီးတွင် လည်း ကောင်း လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ ထိုသို့အကြမ်း ဖက်ဖောက်ခွဲမှုများ ဆောင်ရွက် နိုင်ရေး ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး (ခ) မိုးဟိန်း (ခ) Brain Wave က လက်လုပ်ဗုံးများကို ကိုယ်တိုင်ပြုလုပ်ကာ အကြမ်း ဖက် ဖောက်ခွဲမည့်သူများထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော် ထုတ်သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် တောင်ဥက္ကလာပ မြို့မရဲစခန်းကို ချောင်းမြောင်း ပစ်ခတ်ရန်အတွက် ကျော်မိုးလွင်၊ ဖမ်းဆီးရန်ကျန် တရားခံ ရဲမာန် အောင် (ခ) Zulex နှင့် ဆက်မင်း ခန့် (ခ) လရောင် တို့က ရဲစခန်းကို အခြေအနေ စောင့်ကြည့်ပေးကာ Light Truck ယာဉ်အား မျိုးမြင့် မြတ်အောင် (ခ) မျိုးကြီး က မောင်းနှင်၍ ဝေယံထက် (ခ)နိုင်ကြီး မှ ကျည်ဖြည့်ပေးသူအဖြစ် ဆောင်ရွက်ပြီး မိုးကျော်သူ (ခ)Rock Gyi က ယာဉ်ပေါ်မှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် နှစ်ချက် ပစ်ခတ်၍ မောင်းနှင် ထွက်ပြေးခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ် သည့် ငွေကြေးနှင့် လက်နက်/ခဲယမ်းများကို ဖမ်းဆီးရန်ကျန် တရားခံ အောင်ကြီး မှ ဝင်းဇော်မိုး (ခ) မိုးဟိန်း (ခ) Brain Wave ထံ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော် မိုး (ခ) မိုးဟိန်း (ခ) Brain Wave က ယာဉ်နှင့် လက်နက်/ခဲယမ်း များ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာ နေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာ များ အမြန်ဆုံး အေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင် ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထုတ်ပြန်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်