စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ကန်စွန်းအင်းကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များပြုလုပ်ရန် ရောက်ရှိနေသော KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

 

 

နေပြည်တော်    ဒီဇင်ဘာ   ၂၂


CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်      အဖွဲ့များသည် ပြည်သူလူထု       အထိန့်တလန့် ဖြစ်စေရန်အတွက်   မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊      အပြစ်မဲ့ ပြည်သူများနှင့် ဆရာတော် သံဃာ တော်များပါမကျန်        လုပ်ကြံ သတ်ဖြတ်ခြင်းများ    လုပ်ဆောင် လျက်ရှိသည့်အပြင် အချို့ကျေးရွာ များအတွင်း ဝင်ရောက်၍အကြမ်း  ဖက်    အဖျက်အမှောင့်လုပ်ရပ် များကို လုပ်ဆောင်လျက်ရှိသဖြင့်  အများပြည်သူ အေးချမ်းတည်ငြိမ် စွာနေထိုင်နိုင်ရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက      ဒေသခံ ပြည်သူများနှင့်ပူးပေါင်း၍ လိုအပ် သည့်       လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်     စစ်ကိုင်း တိုင်းဒေသကြီး  ကျွန်းလှမြို့နယ် ကန်စွန်းအင်းကျေးရွာ     အတွင်း အကြမ်းဖက်          လုပ်ရပ်များ လုပ်ဆောင်ရန်အတွက်        KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများ စုဝေးရောက်ရှိနေ ကြောင်း   သတင်းအရ      ညနေ ၃ နာရီ  မိနစ်  ၅၀  ခန့်တွင် သွား ရောက်၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 


ထိုသို့ဆောင်ရွက်ခဲ့ရာ လုံခြုံ ရေး  တပ်ဖွဲ့ဝင်များနှင့် အကြမ်း ဖက်သမားများ      အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ   ဖြစ်ပွား ခဲ့ပြီး ညနေ ၄ နာရီ ၁၅ မိနစ်ခန့်  တွင်       အကြမ်းဖက်သမားများ  ကျေးရွာ၏ အရှေ့မြောက်ဘက်သို့  ဖရိုဖရဲ  ဆုတ်ခွာထွက်ပြေးသွားခဲ့ ပြီး အကြမ်းဖက်သမားအလောင်း  နှစ်လောင်း၊    M-22    သေနတ်  တစ်လက်၊    KO-11     သေနတ် တစ်လက်၊     တစ်တောင့်ထိုး သေနတ်   ငါးလက်၊   လက်ပစ်ဗုံး ငါးလုံး၊   ကျည်အိမ်မျိုးစုံ  ၁၀  ခု၊ ကျည်မျိုးစုံ   ၆၈၅   တောင့်နှင့် လမ်းလျှောက်    စကားပြောစက်  သုံးလုံးတို့ကို    သိမ်းဆည်းရမိခဲ့ သည်။

 


အကြမ်းဖက်သမားများအနေ ဖြင့်    ကျေးရွာအချို့အတွင်း ဝင်ရောက်၍  အကြမ်းဖက်လုပ်ရပ် များ         လုပ်ဆောင်လျက်ရှိရာ       ဒေသခံပြည်သူများ      အေးချမ်း တည်ငြိမ်စွာ     နေထိုင်နိုင်ရေး အတွက်  လုံခြုံရေးတပ်ဖွဲ့များက   နယ်မြေလုံခြုံရေး လုပ်ငန်းများ  တိုးမြှင့်     ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အကြမ်းဖက်အဖွဲ့ များ၏      ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့    လျှို့ဝှက်စွာ  သတင်းပေး၍ နယ်မြေ   တည်ငြိမ်အေးချမ်းရေး အတွက်      ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။                

သတင်းစဉ်