အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော် ဒီဇင်ဘာ ၂၂


အမျိုးသမီးများကို   တရုတ်နိုင်ငံသို့   ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  သိရသည်။ 

 


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်  အမှတ်(၆)ရပ်ကွက် နေ မဖြူဖြူသွယ်နှင့်  ရန်ကုန်တိုင်းဒေသကြီး   ထောက်ကြန့်မြို့နယ် အမှတ်(၃)ရပ်ကွက်နေ   မနွယ်နီခိုင်တို့က   ရန်ကုန်တိုင်းဒေသကြီး   ရွှေပြည်သာမြို့နယ်နေ    မ ...  ၂၅နှစ်နှင့် မ ...  ၂၅ နှစ်တို့ကို   တရုတ် နိုင်ငံရှိ  အနှိပ်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် ၁၀ သိန်းရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားထံ ပို့ဆောင် ရောင်းစားခဲ့သဖြင့် လှော်ကားနယ်မြေ ရဲစခန်း(ပ) ၃၁၀/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/ ၃၂ ဖြင့်   အမှုရေး ဖွင့်ခဲ့ပြီး  မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်တွင်  တရားခံ  မဖြူဖြူသွယ်နှင့် မနွယ်နီခိုင်တို့အား   လူကုန် ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့်  ထောင်ဒဏ် (၁၀) နှစ်စီကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရ သည်။     

    
သတင်းစဉ်