
နေပြည်တော် ဒီဇင်ဘာ ၂၂
အကြမ်းဖက်အဖွဲ့များဖြစ်သောCRPH၊ NUG အမည်ခံ အဖွဲ့များနှင့် ၎င်းတို့၏လက်ဝေခံ PDF အဖွဲ့များ အနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုး မှုကို ပျက်ပြားစေရန်၊ လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် ရည်ရွယ်ကာ မီးရထားသံလမ်း များပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲဖျက်ဆီး ခြင်းများကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များ လုပ် ဆောင်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ရာတွင် ဒီဇင်ဘာ ၂၁ ရက် နံနက် ၇ နာရီခွဲတွင် မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့ဘူတာမှထွက်ခွာလာသည့် ပခုက္ကူ-ကျွန်းချောင်း အမှတ်(၂)အစုန်ရထားသည် နံနက် ၈ နာရီ ၁၀ မိနစ်တွင် မီးရထားလမ်း မိုင်တိုင် အမှတ် (၄၇၄/၆-၇)ကြားအရောက်၌ အကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စက်ခေါင်းမောင်း၊ အကူစက်ခေါင်းမောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး တို့ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အဆိုပါ ရထား စက်ခေါင်းမှာလည်း မိုင်းစထိမှန် ပျက်စီးခဲ့သည်။ ၎င်းအပြင်အခင်းဖြစ်နေရာ အနီးမှ လက်လုပ်မိုင်း တစ်လုံး၊ ဆိုင်ကယ်ဘက်ထရီအိုးသုံးလုံး၊ ဝိုင်ယာကြိုး နှစ်ချောင်း၊ နှစ်ပင်လိမ်ဝိုင်ယာကြိုးတစ်ချောင်းနှင့် ကြိုးခွေတစ်ခွေတို့ တွေ့ရှိရပြီး သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများကို ပခုက္ကူမြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့သည်။
အလားတူ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့နယ် ကန်ပေါက်ကျေးရွာအနီး ကျောက်ပန်းတောင်း-ပျဉ်းမနား မီးရထားလမ်း ကြေးနန်းတိုင်အမှတ် ၃၆၁/၁၁-၁၂ ကြားရှိ ခုံးကျော် တံတားကို အကြမ်းဖက်သူများက လက်လုပ်မိုင်း ဖြင့် ဖောက်ခွဲမှုကြောင့် မီးရထားသံလမ်း သစ်သား ဇလီဖားတုံးနှင့် သံလမ်းအဆက်တစ်ခုတို့ ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် လက်လုပ်မိုင်း တစ်လုံး ထပ်မံပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားစေရန် ရည်ရွယ်ချက်ဖြင့် မီးရထား သံလမ်းများပေါ်၌ မိုင်းထောင်ဖောက်ခွဲခြင်း၊ ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် မီးရထားတို့အား မိုင်းဆွဲတိုက်ခိုက်ခြင်းများ ကျူးလွန် ခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်