
ကင်ဘာရာ ဒီဇင်ဘာ ၂၂
ဩစတြေးလျနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် စကော့မောရစ်ဆင် နှင့် နိုင်ငံအတွင်းရှိ ဒေသန္တရအကြီးအကဲ များ ယနေ့ဆွေးနွေးခဲ့ကြောင်း သိရ သည်။
တိုက်တွန်း
နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံရေး လုပ်ငန်းကို အရှိန်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုကို ခံယူကြရန်လည်း ဩစတြေးလျနိုင်ငံသား များအား မောရစ်ဆင်က တိုက်တွန်းခဲ့ သည်။ နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုအပါအဝင် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှု များကို လက်ရှိအချိန်တွင် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ခရစ်စမတ်ပွဲတော် ကာလနီးကပ်လာသဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်များအကြား ခရီးသွားလာရာ၌ ကိုဗစ်-၁၉ ရောဂါရှိ မရှိ စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် အချိန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု ခံယူမည့်ကာလ အကြား အချိန်သတ်မှတ်ချက်အား ဩစတြေးလျနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံ ပေးအဖွဲ့က သတ်မှတ်သွားမည်ဖြစ် ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ