ဥရောပနိုင်ငံများ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကာကွယ်ရေး တိုးမြှင့်ဆောင်ရွက်

ဘာလင်  ဒီဇင်ဘာ  ၂၂


ကမ္ဘာတစ်ဝန်း  အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ များပြားလာသဖြင့် ဥရောပ ဒေသရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များ        အရှိန်မြှင့် ဆောင်ရွက်လာကြောင်း သိရသည်။ 


ဂျာမနီနိုင်ငံအတွင်း ကျင်းပမည့် ဘောလုံး ပွဲအပါအဝင်        ပရိသတ်အများအပြား တက်ရောက်ရန်ရှိသည့် အခမ်းအနားများအား ပရိသတ်မပါဝင်ဘဲ        ကျင်းပသွားမည်ဖြစ် ကြောင်းနှင့် နေအိမ်ပြင်ပ၌  လူစုဝေးမှုကို ဆယ်ဦးအထိသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း နှင့်   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေးကို လျစ်လျူမရှုဘဲ  အလေးထားဆောင်ရွက်သွား မည်ဖြစ် ကြောင်း  ဝန်ကြီးချုပ် အိုလတ်စ်စကိုက ယမန်နေ့တွင် ပြောကြားသည်။ 


လက်ရှိအချိန်၌ ဂျာမနီနိုင်ငံတွင် အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀ ကျော် ရှိကြောင်း သိရသည်။   ပြင်သစ်နိုင်ငံ၌လည်း ယမန်နေ့က  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ခုနစ်သောင်းကျော်ရှိပြီး ပါရီမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  သုံးဦးလျှင် တစ်ဦးမှာ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံအတွင်း ရှိ  စားသောက်ဆိုင်များ၌ ဝင်ရောက်စားသောက် သူများနှင့်          ခရီးဝေးသွားလာသူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး  ထိုးနှံပြီးစီး ကြောင်း  ဆေးလက်မှတ်ပြသရမည့် စည်းမျဉ်း ကို    ကျင့်သုံးနိုင်ရန်      ပြင်သစ်အစိုးရက ဆောင်ရွက်သွားမည်ဖြစ်သည်။  လက်ရှိအချိန် တွင်  ပြင်သစ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် ဆေးရုံတက်ရောက် ကုသသူ ၁၆၀၀၀ ခန့်ရှိသည့်အနက်   ၃၀၀၀ ခန့်မှာ    အထူး ကြပ်မတ်ကုသဆောင်များ၌ ကုသမှုခံယူနေရ ကြောင်း    သိရသည်။     မိမိတို့နိုင်ငံများသို့ ဝင်ရောက်လာ           သောခရီးသည်များသည် ကိုဗစ်- ၁၉ ရောဂါ             ကင်းရှင်းကြောင်း      ဆေးလက်မှတ်အား   ပြသရန်လိုအပ်သည်ဟု အီတလီနှင့် ဂရိနိုင်ငံများက    ပြောကြားသည်။  လက်ရှိအချိန်တွင်  ကမ္ဘာ့နိုင်ငံအများအပြား၌       ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမှ  ကာကွယ် ရန်အတွက်         နှစ်သစ်ကူးပွဲတော်များကို  ဖျက်သိမ်းလျက် ရှိသည်။  


ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ