လူမှုဖူလုံရေးအဖွဲ့၏ ကိုဗစ်-၁၉ ကာလအတွင်း ဖြေလျှော့ဆောင်ရွက်နေမှုများနှင့်ရှေ့ဆက်လက် ဆောင်ရွက်ရမည့်အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

လူမှုဖူလုံရေးအဖွဲ့၏ ကိုဗစ်-၁၉ ကာလအတွင်း ဖြေလျှော့ဆောင်ရွက်နေမှုများနှင့်ရှေ့ဆက်လက် ဆောင်ရွက်ရမည့်အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

=========================================================================================================================

 

နေပြည်တော် စက်တင်ဘာ ၁

 

လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ဖြေလျှော့ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီးထံရှင်းလင်းတင်ပြ သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက Coronavirus Disease (COVID-19) ရောဂါသည် ကမ္ဘာ့ နိုင်ငံများတွင် ယခုအချိန်ထိ ရောဂါကူးစက်ပြန့်ပွားမှုမှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူသားများအပေါ် ကျန်းမာရေးသက် ရောက်မှုသာမက နိုင်ငံအတော်များများ၏ စီးပွားရေးအပေါ် တွင်လည်း ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာ့နိုင်ငံ များအနေဖြင့် ကပ်ရောဂါကြောင့် စီးပွားရေးအပေါ် ဆိုးရွား သော သက်ရောက်မှုများအား တုံ့ပြန်ဆောင်ရွက်နိုင်မည့်မဟာဗျူဟာစီမံကိန်းများကို ရေးဆွဲချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

 

အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း

 

ကိုဗစ်-၁၉ ဂယက်ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်း၊ အလုပ်သမားလျှော့ချခြင်းများ မဖြစ်စေရန်အတွက် အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များထုတ်ပြန်၍ ထည့်ဝင် ကြေးပေးသွင်းသည့်ကာလကို ဖြေလျှော့ပေးသွင်း ခွင့်ပြု ခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းခွင်မှ အလုပ်လက်မဲ့ ဖြစ်သွားသည့် အာမခံအလုပ်သမားများအတွက် မကျန်းမာ မှုငွေကြေးအကျိုးခံစားခွင့်ကို ၂၆ ပတ်အထိ ခွင့်ပြုပေးခြင်း၊ ဆေးဖိုးနှင့် ခရီးစရိတ်ပြန်အမ်းငွေကို တစ်နှစ်အထိခွင့်ပြု ပေးခြင်း၊ ကိုယ်ဝန်ဆောင် အာမခံအလုပ်သမားများကို မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းအဖြစ် ၂၆ ပတ်ထိခွင့်ပြုပေးခြင်း၊ Quarantine ဝင်ရသည့် အာမခံ အလုပ်သမားများအတွက် Quarantine ဝင်ရသည့်ကာလ ၂၈ ရက်အား မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းကို ငွေကြေးအကျိုးခံစားခွင့်ပြုခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အကြံပြုချက်နှင့်အညီ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ဧပြီ ၂၀ ရက်မှ မေ ၁၅ ရက်အထိ ခေတ္တပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လူမှုဖူလုံ ရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းအားခွင့်ပြုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ယခုကဲ့သို့ ဖြေလျှော့ပေး သည့်လုပ်ငန်းစဉ်များအပေါ် ထိရောက်မှု ရှိ/မရှိ ပြန်လည် သုံးသပ်ရန်နှင့် ထိုသို့သုံးသပ်ရာတွင် ပြည်တွင်း၊ ပြည်ပပညာ ရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့များ၏ ကိုဗစ်-၁၉ ကာလအတွင်း တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အတွေ့အကြုံများကို လေ့လာဆန်းစစ်ပြီး ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ရန် လိုကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါသက်ရောက်မှုများ လျော့နည်းသက်သာစေ ရေးအစီအမံများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ငွေကြေးအကျိုးခံစားခွင့်

 

ယင်းနောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် က ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့က ခွင့်ပြု ထုတ်ပေးခဲ့သည့် ငွေကြေးအကျိုးခံစားခွင့် စုစုပေါင်းကျပ် သန်း ၂၆၅၇၆ ဒသမ ၇၆၂ အား ထုတ်ပေးခဲ့မှု၊ COVID-19 ရောဂါကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရန်နှင့် အာမခံအလုပ်သမားများမှ အကျိုးခံစားခွင့်များကို လွယ်ကူ လျင်မြန်စွာရရှိစေရန် Wave Money ဖြင့် Pilot ဆောင်ရွက်မှု၊ လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ဆေးခန်းများ၌ အာမခံအလုပ်သမားများအတွက် ဆေးဝါးများ၊ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် ဆေးပစ္စည်းကိရိယာများကို အသင့်ဆောင်ရွက်ထားမှုနှင့် ရောဂါကုသပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် Video၊ လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေပေးမှုနှင့် Viber Sticker များ လွှင့်တင်ဆောင်ရွက်ခဲ့မှု၊ CERP Plan ပါ လူမှုဖူလုံရေးဆိုင်ရာ အချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းတင်ပြ သည်။

 

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများကဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးခဲ့မှုအပေါ် ပြည်ထောင်စု ဝန်ကြီးက အလုပ်လက်မဲ့ အကျိုးခံစားခွင့်အာမခံစနစ် အကောင်အထည်ဖော်ရန်အတွက် ILO၏ နည်းပညာအကူ အညီဖြင့် ဆောင်ရွက်နိုင်ရန် EU အဖွဲ့မှ ထောက်ပံ့ကူညီမှု များရယူပြီး ဆက်လက်ဆောင်ရွက်ရန်၊ အာမခံအလုပ်သမား များ ဆေးဖိုးပြန်လည် ခွင့်ပြုထုတ်ပေးခြင်းကို Wave Money ဖြင့် တိုးချဲ့ဆောင်ရွက်သွားရန်၊ အလုပ်ရှင်များ ထည့်ဝင်ကြေးပေးသွင်းရာတွင် လွယ်ကူအဆင်ပြေစေရန် အတွက် e-Contribution လုပ်ငန်းကို CCT Function ဖြင့် Pilot ဆောင်ရွက်သွားရန်၊ လက်ရှိဆောင်ရွက်နေသော Reform (၄) ဆက်လက်ဆောင်ရွက်ခြင်း၊ လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ကျန်ရှိ သော အကျုံးဝင်အလုပ်ဌာနများအား ဆက်လက်စိစစ်ခွင့်ပြု သွားရန်၊ Quarantine ဝင်သည့်အာမခံအလုပ်သမားများနှင့် ကိုယ်ဝန်ဆောင်အာမခံအလုပ်သမားများအား မကျန်းမာမှု အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းကို ဆက်လက်ခွင့်ပြုထုတ် ပေးသွားရန်၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် စာရင်း ဇယားများ တိကျမှန်ကန်ရေး အလေးထား ဆောင်ရွက်သွား ရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည့် လက်ထောက် ဆရာဝန် ၁၈ ဦးအား တွေ့ဆုံ၍ လူမှုဖူလုံရေးအဖွဲ့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် လက်ထောက်ဆရာဝန်များ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေပါ ဆောင်ရန်/ရှောင်ရန်အချက် များကို နားလည်သိရှိပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ကျင့်ကြံနေထိုင်ကြရန် ပြောကြားလိုပါ ကြောင်း၊ ထို့အပြင် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ရည်မှန်းချက် နှင့် လုပ်ငန်းစဉ်များအား အောင်မြင်အောင် အကောင် အထည်ဖော်ကြရမည်ဖြစ်ပြီး မိမိတို့နှင့်သက်ဆိုင်သော ပညာရပ်များသာမက နိုင်ငံ့ဝန်ထမ်းတိုင်း သိသင့်သိထိုက် သည့် ဘာသာရပ်နယ်ပယ်အသီးသီးကိုလည်း နားလည် သိရှိပြီး အစဉ်တိုးတက်စေရန် လေ့လာဆည်းပူးသွားကြရန် လိုအပ်ပါကြောင်း။

 

ပိုမိုယုံကြည်အားကိုး

 

လူမှုဖူလုံရေးဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများသည် အရေးကြီးသောအခန်း ကဏ္ဍမှ ပါဝင်သောကြောင့် အာမခံအလုပ်သမားများအနေ ဖြင့် ဆေးရုံ/ ဆေးခန်းများကို ပိုမိုယုံကြည်အားကိုးလာစေရန် မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များဖြင့် ထိရောက် သောဝန်ဆောင်မှုပေး၍ နွေးထွေးပျူငှာစွာ ဆက်ဆံ ဆောင်ရွက်သွားရေးသည် အရေးကြီးပါကြောင်းနှင့် အာမခံ အလုပ်သမားများအား ထိရောက်သောဆေးကုသမှုလုပ်ငန်း များကို ဆောင်ရွက်ပေးသွားကြစေလိုပါကြောင်း ပြောကြား သည်။

 

သတင်းစဉ်