
အဘူဂျာ ဒီဇင်ဘာ ၂၃
နိုင်ဂျီးရီးယားအစိုးရသည် ဒီဇင်ဘာ ၂၂ ရက်က သက်တမ်းကုန်ဆုံးသွားသည့် ကိုဗစ်-၁၉ ကာကွယ် ဆေးအလုံးရေ တစ်သန်းကျော်ကို ဖျက်ဆီးခဲ့သည်။ နိုင်ဂျီးရီးယားမြို့တော် အဘူဂျာ ဆင်ခြေဖုံးတွင် ကာကွယ်ဆေး ဖျက်ဆီးနေမှုများကို အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၊ အစားအသောက်နှင့် ဆေးဝါးထိန်းချုပ် ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအေဂျင်စီတို့က စောင့်ကြည့်ခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံသားများ ကာကွယ်ဆေး အပေါ် ယုံကြည်မှုရှိစေရန် ယခုလိုလုပ်ဆောင်ခြင်း ဖြစ်ကြောင်း အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အကြီးအကဲ ဖေဆယ် ရှုအစ်က သတင်းထောက်များကို ပြောကြားလိုက် သည်။ သက်တမ်းလွန်နေသော အက်စ်ထရာဇနီကာ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၀၆၆၂၁၄ ခုကို နိုင်ငံတစ်ဝန်းမှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ကာကွယ်ဆေးထုတ်လုပ်သူများက သက်တမ်း တိုးပေးရန် တောင်းဆိုထားသော်လည်း နိုင်ဂျီးရီးယား အစိုးရက ငြင်းပယ်ခဲ့ကြောင်း နိုင်ဂျီးရီးယား ကျန်းမာ ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။
ဆင်ဟွာ