
နေပြည်တော် ဒီဇင်ဘာ ၂၃
ဘားအံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော် တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် ဘားအံမြို့နယ် ဘားအံ-ထုံးအိုင် ကားလမ်းတွင် သံလွင် တံတားမှ ဘားအံမြို့သို့ စိုင်းစောရင်(၃၅)နှစ် မောင်းနှင် လာသည့် ALPHARD မော်တော် ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၇ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၈ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကရင်ပြည်နယ် သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်