ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအစီအစဉ် ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအစီအစဉ် ကျင်းပ

===============================================

နေပြည်တော် စက်တင်ဘာ ၂

 

ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်းများ ထုတ်ပြန်သည့်အစီအစဉ် ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပ သည်။

 

အခမ်းအနားသို့ သတင်းထုတ်ပြန် ရေးအဖွဲ့ဝင်များ ဖြစ်ကြသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဦးသန်း ဌေး၊ ဦးဆွေတင့်လွင်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ ရုပ်သိမ်း ခြင်း၊ စိစစ်ခြင်း၊ ကြေညာခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်း မီဒီယာအဖွဲ့များ၏မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ယနေ့သတင်းထုတ် ပြန်ရေးအစီအစဉ်သို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ၂၇ ဖွဲ့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်