
အဒစ်အဘာဘာ ဒီဇင်ဘာ ၂၃
အာဖရိကတိုက်၌ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၂၅၉၈၁၃ ဦးရှိလာ ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စား ပြုသည့် အာဖရိကရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ၏ ပြောကြား ချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၆၅၃၆ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၄၀၅၆၃၁ ဦးရှိကြောင်း သိရ သည်။
အာဖရိကတိုက်၌ တောင်အာဖရိက နိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံ တို့သည် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုအများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
အာဖရိကတိုက်၌ အာဖရိက တောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အများဆုံးဒေသဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် တောင်ပိုင်း ဒေသများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဒုတိယအများဆုံးဖြစ်ကာ အာဖရိက အလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
n