
အန်ကာရာ ဒီဇင်ဘာ ၂၃
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၀၉၅ ဦးထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉၂၂၈၈၃၅ ဦးရှိလာကြောင်း တူရကီနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၇၉ ဦးထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၈၀၉၅၇ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၂၈၁၆ ဦးရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေး အာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၅၆ ဒသမ ၇၃ သန်းကျော်ရှိကြောင်း၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၅၁ ဒသမ ၂၈ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၂၆ ဒသမ ၅၆ သန်းကျော်အသုံးပြုပြီးဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်