
နေပြည်တော် ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလို လားသူ ဆူပူအကြမ်းဖက်သူများ က ခရိုင်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းတို့အား မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်
ထိုသို့ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် တောင်ပိုင်း ရပ်ကွက် ပန်းပဲရပ်ရှိ အမှတ်(၃) အခြေခံပညာ မူလတန်းလွန် ကျောင်းအား အကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အကြမ်း ဖက်အဖွဲ့ (စိစစ်ဆဲ)က မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါ ကျောင်းဝင်းအတွင်း KG တန်း စာသင်ဆောင်ရှိ သွပ်မိုး/ထရံကာ/အုတ်ခင်းအခန်း၏ ထရံများ၊ စာသင်ခုံနှင့် ထိုင်ခုံစုစုပေါင်း ၁၂ ခုံတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်ပျက်စီး
အလားတူ ည ၇ နာရီ မိနစ်၂၀ တွင် ကလေးမြို့နယ် စမ်းမြို့ရပ် ကွက် မြို့ပတ်လမ်းရှိ ကလေးခရိုင် ပညာရေးမှူးရုံးအား အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးသွား ကြောင်း သတင်းရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အလျားပေ ၈၀၊ အနံပေ ၂၀၊ အမြင့် ၂၈ ပေရှိ ကွန်ကရစ်ခင်း၊ အုတ်ကာ/သွပ်မိုး/နံကပ်တိုက် အဆောက်အအုံ တစ်လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ ခရိုင်ပညာရေးမှူးရုံးနှင့် စာသင် ကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား