ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီး

 

နေပြည်တော်  ဒီဇင်ဘာ  ၂၄


ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း  လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင်  အများပြည်သူလုံခြုံရေးအတွက် လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ရန်   မော်တော်ယာဉ် များအား ရပ်တန့်စစ်ဆေးစဉ် ယာဉ်အချို့မှာ ရပ်တန့်ခြင်းမရှိဘဲ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်မောင်းနှင် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားအချို့အား လက်နက်/ခဲယမ်းများနှင့်အတူ အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ဖရူဆိုမြို့နယ် မူဆို ကျေးရွာအနီး   လုံခြုံရေးဆောင် ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များ သည်   အများပြည်သူလုံခြုံရေး အတွက် လိုအပ်သော စစ်ဆေးမှု များ ဆောင်ရွက်စဉ် ယနေ့နံနက် ၁၀    နာရီခန့်တွင်   ကွိုင်ငံရွာ ဟောင်းဘက်မှ    မူဆိုကျေးရွာ ဘက်သို့ မသင်္ကာဖွယ် မောင်းနှင် လာသည့်   မော်တော်ယာဉ်မျိုးစုံ ခုနစ်စီးအား စစ်ဆေးရန် ရပ်တန့် စေခဲ့ရာ အဆိုပါမော်တော်ယာဉ် များမှာ   ရပ်တန့်ခြင်းမရှိသည့် အပြင် ယာဉ်ပေါ်တွင် လိုက်ပါလာ သည့် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်      သမားများက လက်နက်ငယ်များ၊ လက်ပစ်ဗုံး များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား   စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်    တိုက်ခိုက်ခဲ့ သည်။

 


ဖြစ်စဉ်တွင် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်သင်တန်း တက် ရောက်ရန်    စုဆောင်းလာသည့် လူသစ်အချို့တို့အား   အမ်-၁၆ သေနတ်  တစ်လက်၊  ပွိုင့်-၂၂ သေနတ် တစ်လက်၊ တူမီးသေနတ် သုံးလက်၊ လက်ပစ်ဗုံး ခုနစ်လုံး၊ အမ်-၁၆   ကျည်  ၂၅   တောင့်၊ ကျည်အိမ်နှစ်ခု၊    ပြောက်ကျား ယူနီဖောင်းများ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ  အသေဖမ်းဆီးရမိ ခဲ့ပြီး ဓာတ်ဆီ၊ ဒီဇယ်နှင့် အကြမ်း ဖက်အဖွဲ့များ စားသုံးရန် ကျေးရွာ များမှ   အဓမ္မကောက်ခံခဲ့သည့် စားသောက်ကုန်        ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော် ယာဉ် ခုနစ်စီးမှာလည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

 


အဆိုပါ   အကြမ်းဖက်အဖွဲ့ သည်     ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်လေဆိပ်သို့ ဆင်းသက် လာသည့်   အရပ်ဘက်ခရီးသည် တင် လေယာဉ်အား ရှော့တိုက်ဒုံး များဖြင့်      ပစ်ခတ်တိုက်ခိုက်၍ အရပ်ဝတ်ဖြင့် လျှို့ဝှက်ထွက်ပြေး လာသည့်အဖွဲ့     ဖြစ်နိုင်ကြောင်း ဒေသခံများမှတစ်ဆင့် ဖော်ထုတ် ရရှိသကဲ့သို့   သေဆုံးခဲ့သူများကို လည်း သေမှုသေခင်းဖွင့်လှစ်ကာ လိုအပ်သည့်      စုံစမ်းမှုများ ဖော်ထုတ်လျက်   ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေလုံခြုံရေး၊    တည်ငြိမ် အေးချမ်းရေးအတွက်   လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                    

  သတင်းစဉ်