မီရက်ခ် ကိုဗစ် -၁၉ သောက်ဆေးကို အမေရိကန်အက်ဖ်ဒီအေက ခွင့်ပြုချက်ပေး

 

ဝါရှင်တန် ဒီဇင်ဘာ ၂၄


အမေရိကန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် မီရက်ခ်မှ ထုတ်လုပ်သော ကိုဗစ်- ၁၉ သောက်ဆေးများကို  အမေရိကန် အစား အသောက်နှင့်  ဆေးဝါးကွပ်ကဲရေး (အက်ဖ်ဒီ အေ)မှ ခွင့်ပြုချက်ပေးခဲ့သည်။  

 


အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ အပျော့စားရောဂါလက္ခဏာ ခံစားရသူများကို  အဆိုပါဆေးအသုံးပြုခွင့်ပေးရန် အက်ဖ်ဒီအေ က  ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။  အဆိုပါ ဆေးသည် ခန္ဓာကိုယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် များ   အဆတိုးလာခြင်းကို    ကာကွယ်ပေး သည်ဟု သိရသည်။ 

 


မီရက်ခ်ကုမ္ပဏီကြီးသည်   လူနာပေါင်း   ၃ ဒသမ ၁ သန်းအတွက် ဆေးဝါးထောက်ပံ့ ပေးရန်  အမေရိကန်အစိုးရနှင့် သဘောတူထား သည်။ ကိုဗစ် -၁၉ ရောဂါလက္ခဏာပြင်းထန် သည့် လူနာများဖြင့် လက်တွေ့စမ်းသပ်မှုများပြုလုပ်ပြီးနောက် အက်ဖ်ဒီအေက ခွင့်ပြုချက် ပေးခဲ့ခြင်းဖြစ်သည်။ 


လူနာအတွက်   အဆိုပါ  ဆေးသောက် သုံးခြင်းဖြင့်  ဆိုးကျိုးထက်ကောင်းကျိုးက အလေးသာသည်ဟု ကျန်းမာရေးစောင့်ရှောက် သူက ဆုံးဖြတ်ပြီးမှသာ  ကိုယ်ဝန်ဆောင် များအတွက်    ခွင့်ပြုချက်ပေးသွားမည်ဟု အက်ဖ်ဒီအေက ပြောသည်။

အင်န်အိတ်ချ်ကေ