သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၅


သင်္ဃန်းကျွန်းမြို့နယ်တွင်    ငွေကျပ်  ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ     စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  သိရသည်။

 


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် သင်္ဃန်း ကျွန်းမြို့နယ် နနွင်းကုန်းရပ်ကွက် သုမင်္ဂလာလမ်း တွင် မင်းလှစိုး(ခ)အဖွာရ်အဒ် မောင်းနှင်ပြီး လှချို(ခ)အဒူရာမန်နှင့် ဝေဇင်(ခ)သော်ဇင်လတ် (ခ)အာလာ ဖတ်တို့လိုက်ပါလာသည့် Vigo မော်တော်ယာဉ်ကို သတင်းအရ    ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း     တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး    စစ်ဆေး ဖော်ထုတ်ချက်အရ   ညနေ ၃ နာရီခွဲတွင်   ၎င်းတို့ ငှားရမ်းနေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွား ရေးရပ်ကွက် ကျန်စစ်သားလမ်း အိမ်အမှတ် (၁၇၀)ကို   ဆက်လက်ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသ ကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား  ၂၃ သိန်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို သုံးဦးကို ဥပဒေအရ အရေးယူထား ရှိပြီး   ကွင်းဆက်ပြစ်မှု      ကျူးလွန်သူများအား ဆက်လက်     စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။                                          

သတင်းစဉ်