
လန်ဒန် ဒီဇင်ဘာ ၂၅
ဗြိတိန်နိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်- ၁၉ ကူးစက်ခံရသူအရေအတွက်မှာ ၁၂၂၁၈၆ ဦး ရှိသည် ဟု သိရဿည်။
ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစတင်ကာ ပထမဆုံးအကြိမ်အဖြစ် နေ့စဉ်ကူးစက်ခံရသူ ဦးရေမှာ ၁၂၀၀၀၀ ကျော်လွန်၍ အများဆုံးစံချိန်တင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
နောက်ထပ်ကူးစက်ခံရသူ အရေအတွက်ပါ ထည့်ပေါင်းလျှင် တိုင်းပြည်အတွင်း စုစုပေါင်းကူးစက် ခံရသူအရေအတွက်မှာ ၁၁၈၉၁၂၉၂ ဦးရှိသည်ဟု သိရသည်။ ထို့ပြင် ကိုဗစ်-၁၉နှင့် ဆက်စပ်ပြီး သေဆုံး သူဦးရေမှာလည်း ၁၃၇ ဦး တိုးလာခဲ့သည်။
နောက်ထပ် အိုမီခရွန်ကူးစက်ခံရသူ ဦးရေမှာ လည်း ၂၃၇၁၉ဦးရှိသည်။ အဆိုပါအရေအတွက်သည် တိုင်းပြည်အတွင်း နေ့စဉ် အိုမီခရွန် ကူးစက်ခံရမှု အများဆုံးလည်း ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည် အတွင်း စုစုပေါင်းအိုမီခရွန်ကူးစက်ခံရမှုမှာ ၁၁၄၆၂၅ ဦးရှိလာသည်ဟု ဗြိတိန်ကျန်းမာရေးအေဂျင်စီက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောသည်။
နေ့စဉ်ကူးစက်ခံရသူပေါင်းမှာ ရာနှင့်ထောင်နှင့် ချီ၍ ရှိနေနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောသည်။ ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့် အထက် ၈၉ ရာခိုင်နှုန်းမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးကြပြီးဖြစ်သည်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသည့်အရေအတွက်မှာ ၈၂ ရာခိုင်နှုန်း ရှိသည်။
ဆင်ဟွာ