အာဆီယံ၏ပုံရိပ်ကို မြှင့်တင်ရာတွင်လည်းကောင်း၊ အာဆီယံပြည်သူများအကြား ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်ရာတွင်လည်းကောင်း အာဆီယံသံရုံးများ၏ အရေးပါမှုကို အသိအမှတ်ပြုကြောင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အာဆီယံ၏ပုံရိပ်ကို မြှင့်တင်ရာတွင်လည်းကောင်း၊ အာဆီယံပြည်သူများအကြား ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်ရာတွင်လည်းကောင်း အာဆီယံသံရုံးများ၏ အရေးပါမှုကို အသိအမှတ်ပြုကြောင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 

==========================================================================================================================================

 

 

နေပြည်တော် စက်တင်ဘာ ၄

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၅၃)ကြိမ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ယနေ့ နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်ခံတွေ့ဆုံပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ သတင်းအချက်အလက် များနှင့် အတွေ့အကြုံများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြသည်။

အဆိုပါ ဗီဒီယိုကွန်ဖရင့်သို့ အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံ တို့မှ သံအမတ်ကြီးများနှင့် ဘရူနိုင်းနိုင်ငံမှ သံရုံးယာယီတာဝန်ခံတို့ ပါဝင် တက်ရောက်ဆွေးနွေးကြသည်။

 

အရေးပါမှုကို အသိအမှတ်ပြု

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် COVID-19 ကူးစက်ရောဂါကြောင့် နှစ်စဉ်ကျင်းပသည့် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း ယနေ့ကျင်းပသည့် ဗီဒီယိုကွန်ဖရင့်မှ တွေ့ဆုံမှုက အာဆီယံ၏ စည်းလုံးညီညွတ် ပြီး အတူတကွ ပေါင်းစည်းသည့် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်စေခဲ့ကြောင်း၊ အာဆီယံ၏ပုံရိပ်ကို မြှင့်တင်ရာတွင်လည်းကောင်း၊ အာဆီယံပြည်သူများအကြား ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်ရာတွင် လည်းကောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးတွင်ရှိသည့် အာဆီယံသံရုံးများ ၏ အရေးပါမှုကို အသိအမှတ်ပြုကြောင်း၊ မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်နိုင် ရေးအတွက် ကယ်ဆယ်ရေးလေယာဉ်များ မြန်မာအစိုးရက စီစဉ်ဆောင်ရွက်ရာ တွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးကြသည့်အတွက် ရန်ကုန်မြို့ အခြေစိုက် အာဆီယံသံရုံးများအား ကျေးဇူးတင်ရှိကြောင်း၊ COVID-19 ကူးစက် ရောဂါကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့်ကာလတွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို စံနမူနာပြုထိုက်စွာ ထမ်းဆောင်သည့် ဗီယက်နမ်၏အခန်းကဏ္ဍ ကို ချီးကျူးဂုဏ်ပြုကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို စုပေါင်းတုံ့ပြန်ကြရာတွင် “COVID-19 ကူးစက်ရောဂါတုံ့ပြန်ရေးတွင် ကုန်စည်များစီးဆင်းနိုင်မှု ချိတ်ဆက် ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဟနွိုင်းလုပ်ငန်းစဉ်”ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ မြန်မာ အစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရအနေဖြင့် ကူးစက်ရောဂါကို အချိန်မီတုံ့ပြန်ဆောင်ရွက်ပြီး အခြေအနေ ကို ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိသကဲ့သို့ လက်ရှိ အခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ခုနစ်မြို့နယ်နှင့် ရခိုင် ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်တို့တွင် “နေအိမ်တွင် နေထိုင်ရေးအစီအစဉ်” များကို ချမှတ်ခဲ့ကြောင်း၊ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှု ကို ကန့်သတ်ခြင်းနှင့် ပြည်ဝင်ဗီဇာထုတ်ပေးမှု ယာယီကန့်သတ်ထားရှိခြင်းတို့ကို စက်တင်ဘာလကုန်ပိုင်းအထိ တိုးမြှင့်ထားကြောင်း၊ အစိုးရအနေဖြင့် “မည်သူ တစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေရေးမူ”ကို ကျင့်သုံးလျက် IDP များ၊ မသန်စွမ်း သူများအပါအဝင် ထိခိုက်လွယ်သည့် လူ့အဖွဲ့အစည်းများအတွက် အဓိက ရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့နောက် အာဆီယံသံအမတ်ကြီးများက ၎င်းတို့၏ နိုင်ငံရှိ COVID-19 ကူးစက်ရောဂါဆိုင်ရာ နောက်ဆုံးအခြေအနေများနှင့် ကူးစက်ရောဂါ၏ စိန်ခေါ်မှု များကို ရင်ဆိုင်ဖြေရှင်းရာတွင် ၎င်းတို့အစိုးရအသီးသီး၏ ကြိုးပမ်းဆောင်ရွက် ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အာဆီယံသံအမတ်ကြီးများက COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေး ဆိုင်ရာ သတင်းအချက်အလက်များ၊ အတွေ့အကြုံများနှင့် အလေ့အထကောင်း များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးကြရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာရန် အရေးကြီး ကြောင်း၊ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့်ကာလတွင် စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အရေးပေါ်သုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်စေရန် လိုအပ်ကြောင်း၊ COVID-19 ကူးစက်ရောဂါကို တုံ့ပြန်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ကျေနပ်အားရကြောင်း၊ COVID-19 အလွန် ကာလကို COVID-19 မတိုင်မီကာလထက် သာလွန်ကောင်းမွန်စေရေးအတွက် အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

 

သတင်းစဉ်